အပိုင်း ၄

1.7K 315 11
                                    

IAN
အပိုင်း

ဂျွန်အီရန်ကို ခေါင်းမာပြီး တဇွတ်ထိုးသမားဟုပြောခဲ့လျှင် ဂျွန်ဂျောင်ကုသည်ကား ဦးနှောက်ကိုသုံးကာအကွက်ရွှေ့ဖို့ကြံနေတတ်သည့် စစ်တုရင် ကစားသမားတစ်ယောက်ဖြစ်လိမ့်မည်။

_____________________

"မင်းပြောတော့ ငါသာလိမ္မာရင် မသွားရဘူးဆို"

"......."

"မင်းက ငါ့ကိုလိမ်ခဲ့တာပဲ"

ပြီးခဲ့တဲ့ရက်တွေမှာ ဂျောင်ကုစကားအတိုင်း အီရန်က အတတ်နိုင်ဆုံး ဖေဖေ့စိတ်တိုင်းကျ နေထိုင်ကာ သူ့အား ဦးလေးငယ်တို့ဆီ မပို့ရအောင် ကြိုးစားခဲ့သည်။

သို့သော် တစ်ဖက်တွင်တော့ ဖေဖေဟာ ဂျောင်ကုပြောသမျှ စကားတိုင်းကိုပဲ အမှန်ဟု ယုံမှတ်ထားခဲ့ပြီး သူ့သားငယ်ဟာ UKကိုသွားချင်လွန်းလို့ ချက်ချင်းလက်ငင်း လိမ္မာပြနေသည်ဟု အမှတ်မှားခဲ့လေသည်။

ရလဒ်အနေနဲ့ အီရန်ကို UKပို့ဖို့ရက်က ခန့်မှန်းထားသည်ထက် ပိုမြန်ဆန်သွားကာ နာရီပိုင်းအတွင်းမှာပဲ အီရန်စီးမဲ့ လေယာဉ်ကလည်း ကိုရီးယားမြေပေါ်မှ ထွက်ခွာတော့မည်ဖြစ်သည်။

"မင်းက ငါ့ကိုအယုံသွင်းပြီး လှည့်စားခဲ့တာ"

"တောင်းပန်ပါတယ်အီရန်။ ငါ အကုန်လုံးကောင်းဖို့အတွက် လုပ်ခဲ့မိတာ"

"မင်းပြောတဲ့ အကုန်လုံးဆိုတာက ဘယ်သူတွေလဲ"

ဂျောင်ကုက ပြန်မဖြေ။ အီရန့်ရှေ့မှာ အပြစ်ရှိသူတစ်ယောက်လိုမျိုး မျက်လွှာချထားပြီး ငြိမ်လို့နေသည်။

"ငါမေးနေတယ်လေ အဲ့အကုန်လုံးက မင်းလား ဖေဖေလား ဒါမှမဟုတ် ..... ပတ်ဂျီမင်းလား"

ပတ်ဂျီမင်းနာမည်ကို ပြောလိုက်တာနဲ့ သူ့ကို ချက်ချင်း မျက်လွှာပင့်ကြည့်လာတဲ့ ဂျောင်ကုကြောင့် အီရန် လက်သီးဆုပ်လိုက်မိသည်။ သေချာနေတာပဲ ပတ်ဂျီမင်းကြောင့်ဆိုတာ။

"အဲ့ကောင်က မင်းအတွက် အဲ့လောက်တောင်အရေးကြီးတာလား"

"....."

"ညီအကိုတွေနှုတ်ဆက်လို့ဝပြီလား ဝရင်လည်း သွားကြအောင်"

အီရန့်ကို ကိုယ်တိုင်ကိုယ်ကျ လာခေါ်တဲ့ဦးလေးငယ်က ဖေဖေနဲ့စကားရပ်ပြောနေရင်းက ဂျောင်ကုတို့ ညီအစ်ကိုနှစ်ယောက်ကို ခွဲခါနီး အလွမ်းသယ်နေတယ်အထင်နဲ့ လှမ်းစသည်။

IANWhere stories live. Discover now