IAN
အပိုင်း ၇"အဆင်ပြေရဲ့လား"
နာရီဝက် တစ်နာရီနီးနီး ဘာစကားမှမပြောဘဲ ငြိမ်နေတဲ့ ဂျီမင်းကြောင့် မနေနိုင်တဲ့အဆုံး ဂျောင်ကုက ထုတ်မေးလိုက်သည်။ ဂျီမင်းအကြည့်တွေက သူ့ဆီရောက်လာကာ
"ဘာလို့ပြန်လာတာလဲ"
"ဟင်"
"ဒီကို ဘာလို့ပြန်လာတာလဲ။ ဟိုမှာပဲ တစ်သက်လုံးနေလိုက်လို့မရဘူးလား"
ဂျောင်ကု ဘယ်လိုပြန်ဖြေရမယ်မသိ။ အစကတည်းက အီရန်က ဟိုမှာပဲ နေသွားမှာမဟုတ်တဲ့အကြောင်း သူက အသိဆုံးမလား။ မင်းတို့ဆီ ငါပြန်လာခဲ့မယ်ဆိုတဲ့ ကတိကို အီရန်က ဘယ်နည်းနဲ့ဖြစ်ဖြစ်တည်အောင်လုပ်မဲ့သူမျိုး။
ဒါပေမဲ့ ဘာလို့ ဂျီမင်းမွေးနေ့မှလဲ။ အီရန့်အတွက်တော့ ဒီနေ့က သူပြန်လာဖို့ အကောင်းဆုံးလို့ မှတ်ယူခဲ့ပုံရသည်။ ၁၀ နှစ်တာအတွင်း အီရန့်ခေါင်းထဲ ဘာတွေကြံစည်နေခဲ့လဲမသိပေမဲ့ ပထမဆုံးခြေလှမ်းနဲ့တင် အတော်ဆိုးဝါးနေတာတော့အမှန်ပင်။
"မင်းကိုတော့ အားနာပေမဲ့ အဲ့ကောင်က ငါ့အတွက်တော့ လုံးဝရေစက်ဆိုးပဲ"
"ငါ့ကိုဘာလို့အားနာတာလဲ"
သူ့မေးခွန်းကြောင့် ဂျီမင်းက မျက်မှောင်ကုတ်လိုက်ကာ
"မင်းနဲ့သူကအမြွှာညီအစ်ကိုတွေဖြစ်နေလို့လေ"
"ငါကငါ သူကသူမို့ မင်းစိတ်ထဲ အဲ့လိုမတွေးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့သူ့လုပ်ရပ်အတွက်တော့ ငါ မင်းကိုတောင်းပန်ပါတယ်"
"မင်းကမင်း သူကသူပဲ။ အဲ့အတွက် မင်းကဘာအမှားမှမလုပ်ထားလို့ တောင်းပန်စရာလည်းမလိုဘူး"
သူ့စကားကို ပြန်ယူသုံးကာပြောလိုက်တဲ့ ဂျီမင်းကြောင့် ဂျောင်ကုက အသာပြုံးရင်း
"ဟုတ်ပြီလေ"
"သွားစို့"
ပြောပြောဆိုဆို မတ်တပ်ထရပ်လိုက်သည့် ဂျီမင်း။
"ဘယ်လဲ"
"သူ့ကြောင့်နဲ့ ဒီနေ့အတွက် ငါနဲ့မင်းရဲ့ အစီအစဉ်တွေကို အပျက်ခံစရာအကြောင်းမှမရှိတာ။ အဲ့တော့ အစီအစဉ်အတိုင်းသွားကြမယ်"