IAN
အပိုင်း ၁၂"ဘာကြည့်တာလဲ"
ညစာစားနေတုန်း ထမင်းစားခန်းထဲဝင်လာတဲ့ အမြွှာအစ်ကိုဖြစ်သူကို အီရန်က ရန်လှမ်းလုပ်သည်။
ဂျောင်ကုကလည်း အီရန့်စကားကြောင့် မျက်မှောင်ကုတ်လိုက်ကာ
"မင်းကိုကြည့်တာမဟုတ်ဘူး။ မင်းစားနေတဲ့ဟာကိုကြည့်တာ"
အီရန်က ကိုယ့်ထမင်းပန်ကန်ကိုယ် တစ်ချက်ငုံ့ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ"
"mustacheလား"
"မင်းမြင်နေရတာပဲမဟုတ်ဘူးလား"
အငယ်ကောင်ရဲ့ မချေမငံအပြောအဆိုတွေက ဘယ်တုန်းကမှ နားဝင်မချိုခဲ့ပေမဲ့ ကိုယ့်သိချင်စိတ်နဲ့ကိုယ်မို့ ဂျောင်ကုကပဲ သည်းခံလိုက်သည်။
"ဘာလုပ်တာလဲ"
မိမိရှေ့ချထားတဲ့ ပန်းကန်ထဲကနေ တစ်ဇွန်းခပ်မြည်းလိုက်တာမို့ အီရန် စိတ်ရှုပ်သွားရသည်။ ဂျွန်ဂျောင်ကုဆီမှာ ဒီလိုအကျင့်မျိုးလည်း ရှိတာပဲလား။
"ပါဝင်ပစ္စည်းလည်း အတူတူပဲကို ငါချက်တော့ ဒီအရသာမဟုတ်ပါဘူး"
အီရန်က တစ်ချက်မဲ့သည်။ လွန်ခဲ့တဲ့ရက်တုန်းက သူ့အမြွှာအစ်ကိုက ဘာစိတ်ကူးပေါက်တယ်မသိ၊ ညသန်းခေါင်ပြီး mustache ထချက်ပြီး ဇွတ်အတင်းလာကျွေးဖူးသည်။ ထိုအရသာကို အီရန်အခုထိမမေ့။
"မြည်းကြည့်စမ်းပါ မင်းကလည်း"
"ဘာဖြစ်နေတာလဲ ဂျွန်ဂျောင်ကု! မင်းမှာလည်း ပါးစပ်မပါလို့လား"
"ငါ့လျှာတွေထုံနေလို့"
"ဖေဖေ့ဆီသွား"
"ဖေဖေက အိပ်နေပြီမို့။ ဒါလေးကူညီရတာ မင်းအတွက် ဘာခက်ခဲလို့လဲ လုပ်စမ်းပါ"
ဘာအဆန်းထွင်နေမှန်းမသိတဲ့ အမြွှာအစ်ကိုကြောင့် အီရန့်မျက်နှာက လေလျှော့ခံထားရတဲ့ ဘောလုံးတစ်လုံးလိုမျိုး ရှုံ့တွနေခဲ့သည်။
"မင်းမြည်းကြည့်ပြီးတာနဲ့ ငါထွက်သွားပေးမယ်"
သူများအခန်းထဲထိလာပြီး ဘယ်သူက ဘယ်သူ့ကို အပေးအယူလုပ်နေတာလဲ။