IAN
အပိုင်း ၆"အတော်ပဲ ဒီ ခဏလာပါဦး သား"
ခြံထဲမှာ အသိမိတ်ဆွေတွေနဲ့ အတူထိုင်နေတဲ့ ဖေဖေက အိမ်ထဲကထွက်လာတဲ့ သူ့ကိုမြင်တော့ လှမ်းခေါ်သည်။
"ဒါ ကျွန်တော့်သားအကြီးလေ ဂျွန်ဂျောင်ကု၊ သားငယ်ကတော့ သူ့ဦးလေးဆီမှာပဲ"
"ငယ်ငယ်တုန်းက အမြွှာလေးတွေဟုတ်တယ်မလား"
"ဟုတ်ပါ့ဗျာ"
"မတွေ့တာကြာတော့ ကလေးတွေတောင် လူပျိုဖြစ်နေပါရောလား"
ဖေဖေမိတ်ဆက်ပေးလာတဲ့ ဦးလေးကြီးကို ဂျောင်ကုက ခေါင်းငုံ့ပြုံးပြကာ တရိုတသေနှုတ်ဆက်လိုက်သည်။ ငယ်ငယ်တုန်းက မြင်ဖူးသလိုရှိပေမဲ့ အရမ်းကြီးတော့မမှတ်မိ။
"ဘိုရာလေးကိုမှတ်မိသေးလား သား"
"ဗျာ"
မှတ်မိသလောက် သူ့အသိတွေထဲမှာ ဘိုရာဆိုတဲ့ နာမည်နဲ့တစ်ယောက်မှမရှိ။
"အေးလေ အရမ်းငယ်သေးတော့ ဘယ်မှတ်မိပါ့မလဲ ဘိုရာက အခုထိတော့ သူ့အဖိုးအဖွားတွေရှိတဲ့ UKမှာပဲ ကျောင်းတက်နေတယ်"
"ဟုတ်ကဲ့"
ဖေဖေနဲ့ဦးလေးကြီးတို့ ပြောသမျှ ဟုတ်ကဲ့တစ်လုံးလိုက်နေရင်း မျက်လုံးထောင့်စွန်းဆီက အရိပ်တစ်ရိပ်ကို မြင်လိုက်ရသည်။ တခြားတော့မဟုတ် ခြံစည်းရိုးအပြင်ဘက်ကနေ ခုန်ဆွခုန်ဆွလုပ်ကာ သူ့ကိုလှမ်းအချက်ပြနေသည့် ဂျီမင်း။
"သွားစရာရှိတာလား သား"
"ဂျီမင်းနဲ့ရုပ်ရှင်ကြည့်ဖို့ ချိန်းထားလို့ဖေဖေ"
"ဟုတ်လား ဒါဆိုလည်း သွားလေ"
"ဟုတ်ကဲ့ ခွင့်ပြုပါဦး ဦး"
"အေးအေး ငါ့တူ"
ဖေဖေနဲ့ဦးလေးကြီးကို နှုတ်ဆက်ခဲ့ပြီး အိမ်ရှေ့ကို ခပ်သွက်သွက်ထွက်ခဲ့သည်။ အနားရောက်တော့ ခြံထဲကို လှမ်းကြည့်ရင်း
"ဧည့်သည်ရောက်နေတာလား"
"ဟုတ်တယ် ဖေဖေ့အသိ"
"အော်..... သွားကြရအောင်"
ဂျီမင်းက ဂျောင်ကုလည်ပင်းကို ခုန်ဖက်လိုက်ရင်း ပြောသည်။ နောက်တော့ ကြောင်တစ်ကောင်လို နှာခေါင်းတရှုံ့ရှုံ့လုပ်နေပြန်သည်။