Chapter 39

6.3K 853 27
                                    

Chapter 39

တံခါးဝတွင်ရပ်ပြီး စကားပြောရသည်က မသင့်တော်သဖြင့် နျဉ်ယွင်ရှင်းကို အခန်းထဲဖိတ်ခေါ်ပြီး သူ့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။

" ငါ အဆင့်ထပ်တက်တော့မှာ..."
နျဉ်ယွင်ရှင်းက ပြောလိုက်သည်။

ရှန်းလျိုရှန့် သူ့နားသူ မယုံနိုင်အောင်ဖြစ်သွားပြီး အံ့ဩတကြီးဖြင့် မျက်လုံးအပြူးသားဖြစ်သွားသည်။
ကြောက်စရာကောင်းလိုက်တာ...  သူ့ဖို့ အဆင့်တက်တယ်ဆိုတာ ကစားသလို လွယ်လွယ်လေးပါလား... ရွှေအမြုတေအဆင့်ကနေ ဝိညာဉ်အခြေတည်အဆင့် အလယ်ကိုရောက်ဖို့ နှစ်ရက်ပဲကြာလိုက်တယ်ပေါ့... ‌ဒီတိုင်းသာဆို ဝိညာဉ်အခြေတည်အဆင့်နှောင်းပိုင်းကို ရောက်‌တော့မှာပဲ... ဒါကြီးက ကျိုးကြောင်းမဆီလျော်တော့ဘူး မူမမှန်သလိုတောင် ဖြစ်နေပြီ...

ရှန်းလျိုရှန့် တစ်ခုခုပြောလိုသော်လည်း သူ့ကိုယ်သူ တားဆီးထားလိုက်သည်။ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်ထားလိုက်ချိန်တွင် နျဉ်ယွင်ရှင်းက သူထွက်ပြေးတော့မည့်အလား လက်ကောက်ဝတ်ကို လှမ်းဆွဲထားသည်။

" ငါ့ကို တကယ်ပဲ မမှတ်မိတာလား..."

ရှန်းလျိုရှန့်က ပြန်ဖြေသည်။
" ကျွန်တော့်ကို အဲ့အကြောင်းတွေ ပြန်ပြောပြပါလား..."

ခဏတာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် နျဉ်ယွင်ရှင်းက ပြောလိုက်သည်။
" ငါတို့တွေ အရှေ့ပိုင်းကျက်တီးမြေမှာ တွေ့ခဲ့တာလေ... ငါ အဲဒီအချိန်တုန်းက ဒဏ်ရာအပြင်းအထန်ရထားလို့ မင်းက နတ်ဆိုးသားရဲတွေကိုမြှားခေါ်ပြီး ငါ့ကို ကယ်ခဲ့ပေးတာလေ..."

ရှန်းလျိုရှန့်က အခြေအနေကို အကြမ်းဖျင်းနားလည်သွား၍ သူ့ကို နှစ်သိမ့်လိုက်သည်။

" အသက်ပဲ ကယ်ခဲ့ပေးတာမလား စိုးရိမ်နေစရာ မလိုပါဘူး... ကျွန်တော်ကလည်း ကောင်းတဲ့ကိစ္စတွေလုပ်ပေးရင် တစ်ခုခုပြန်ရဖို့ မျှော်လင့်ထားတတ်တာမျိုးမဟုတ်ဘူးဆိုတော့ ခင်ဗျား နောက်ဆိုဒါနဲ့ပတ်သက်ပြီး စိုးရိမ်နေစရာ မလိုတော့ဘူး..."

သူ စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်မိသည်။ မူလ ခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန်ရခဲ့ပြီးနောက် နျဉ်ယွင်ရှင်း၏ကယ်တင်ခြင်း ခံခဲ့ရသည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်း [ Completed ]Onde histórias criam vida. Descubra agora