*1*

3.6K 303 43
                                    

(Unicode)

"အဓိပ္ပာယ်မရှိလိုက်တဲ့ သောက်ဝတ္ထု......"

တ္ထုစာအုပ်ကို ခပ်ကြမ်းကြမ်း ပိတ်ချဘိုက်ရင်း ဆိုလိုက်သည်။ကင်ထယ်ယောင်းတို့က အဲ့လိုကို ယဉ်ကျေးတာ။

ခင်ဗျားတို့စဉ်းစားကြည့်စမ်းပါ ။ ကျွန်တော် ခုဖတ်နေတဲ့ ဝတ္ထုမှာနဂါးဘုရင်ကို နတ်သူငယ်လေးက ဘယ်လောက်ထိချစ်လိုက်လဲဆိုရင်လေ နဂါးဘုရင်က ဘာလုပ်လုပ် ဘာပြောပြော တစ်စက်ကလေးမှကို ငြိုငြင်သွားခြင်း မရှိတာ။

နာအောင်စကားခပ်ကြမ်းကြမ်းပြောလည်း သူ့ကိုပန်းနဲ့ပေါက်နေသည့်အလား အချစ်မပြတ်။ချစ်ဆဲ ချစ်မြဲ။အဲ့နဂါးဘုရင်ဆိုတာကို အမှုန့်ကြိတ်ပြစ်ချင်လိုက်တာဆိုတာ မပြောနဲ့။နတ်သူငယ်လေးရဲ့အချစ်ကိုကျမမြင်ဘဲ အဲ့ဖောလောမရဲ့ စကားကိုကျယုံတယ်တဲ့လေ။

ဟိုကဖြင့် လက်စားချေခြင်လို့ ချစ်ဟန်ဆောင်တာကို အဟုတ်ကြီးထင်ပြီး အဲ့ဖောလောမကို အသေအကျေကာကွယ်ပေး။ယုယပေး။ကြင်နာပေးနဲ့လေ။ဘယ်လောက်ထိဆိုးလဲဆို အဲ့ဖောလောမစကားကို ယုံပြီး နတ်သူငယ်လေးကို သတ်ပြစ်လိုက်တယ်လေ။

ဟိုဖောလောမကိုကျတော့ အပြစ်မမြင်ဘဲ ခွင့်လွှတ်ပေးပြီး ကလေးဘာမွှေးလိုက်သေး။ဘာတဲ့ သတ်ဆုံးတိုင် ပေါင်းဖက်သွားကြသည်ဆိုတာကပါ ပါလိုက်သေး။နည်းနည်းမှ စာရေးဆရာကို မကျေနပ်ပေ။

လိုင်းပေါ်မှာအဲ့စာရေးဆရာကို ရှာကြည့်ရမယ်။တွေ့လို့ကတော့ သေပြီသာမှတ် စာရေးဆရာစုတ်။ငါ့ရဲ့နတ်သူငယ်ကို သတ်ပြစ်တာ ။

ဟော တွေ့ပါပြီ ကင်နမ်ဂျွန်။နဂါးဘုရင် ဝတ္ထုပိုစ့်အောက်မှာ မန့်ထားတာကလည်း အများအပြား ။သိချင်စိတ်ဖြင့် ဝင်ဖတ်လိုက်တော့ မန့်စစခြင်းပင် ဒေါသအလိမ့်လိုက် အလိမ့်လိုက် ထွက်လာခဲ့ရသည်။

"အဲ့ နတ်သူငယ် သေတာ နည်းတောင်နည်းသေး ။ မျိုးတူကိုတောင် မရှောင် ကြိုက်နေတာ ။နည်းသေး......."

ဖောလောမထက်ဆိုးတဲ့တစ်ယောက် ။ကင်ထယ်ယောင်းကို ဒီလိုလုပ်လို့ရရောလားတဲ့။

အင်္ကျီလက်ကို တံတောင်စစ်ထိရောက်အောင် ခေါက်လိုက်သည်။ထို့နောက် အဲ့ဖောလောမကို replyပြန်လိုက်သည်။

Dragon KingWhere stories live. Discover now