*19*

2K 176 24
                                    

Unicode.......

ထယ်ယောင်းသည် 'သူ ဘာမှမဖြစ်ကြောင်း ' က

ိုကိုနှင့်အကိုနမ်ဂျွန်ကိုပြောဖို့ လက်ယက်ခေါ်တဲ့အခါတိုင်း ထိုနှစ်ယောက်သည် ထွက်ထွက်ပြေးသွားသည်တာချည်း ။ ပြီးရင် နှစ်ယောက်သား အကွယ်ကနေ ချောင်းချောင်းပြီးကြည့်သေးသည်။လာတော့လည်း မခေါ်။ထို့ကြောင့် ထပ်ခေါ်မနေတော့ဘဲ နှစ်ယောက်လုံး သူ့မျက်စိအောက် ရောက်လာလျှင် မျက်ထောက်နီဖြင့်သာ ကြည့်ပေးလိုက်သည်။ ဝမ်းနည်းသွားသော မျက်နှာတွေကို လျစ်လျူရှုရင်းပေါ့။ခုလည်း အကွယ်တစ်နေရာကနေ သူ့ကိုချောင်းကြည့်နေကြသည် ။ဒီတစ်ကြိမ်တော့ ကိုကိုနှင့်အကိုနမ်ဂျွန်တင်သာမက အကိုဂျင်၊မင်ဟီးနှင့်မင်ဂျောင်တို့ပါ ပါသေးသည်။မျက်ထောက်နီဖြင့် အားလုံးကို ဝေ့ကြည့်လိုက်တော့ ပြူတစ်ပြူတစ်ဖြစ်နေသော ဦးခေါင်းတွေက ချက်ခြင်းကို ပျောက်သွားကြတာများ မခံနိုင်သည့် အဆုံးတော့ ထယ်ယောင်းလည်း တစ်ဟားဟားသာ အော်ရယ်လိုက်မိသည်။

"ဟား ဟား ဟား........"

ထယ်ယောင်းရဲ့ ရယ်သံကြောင့် ဂျောင်ဂုတို့အားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိသွားကြသည်။ထပ်မံကာ ချောင်းကြည့်ကြပြန်တော့လည်း မျက်ထောက်နီဖြင့် အကြည့်ခံရပြန်သေးသည်။ဒီရက်ပိုင်း သူတို့မှာ ဒီးနားကနေ တစ်ဖဝါးမှ မခွာနိုင်။အစေခံတွေလာပို့သမျှကိုသာ ဒီနေရာကနေပြီး ဒိုင်ခံစားသောက်နေကြခြင်းပင်။ဘုရင်နမ်ဂျွန်တို့သုံးယောက်လဲ မပြန်။ဒီမှာသာ အချိန်ပြည့်သောင်တင်နေကြခြင်းပင်။

"မှော်ဂူဆို ပြန်ကောင်းမယ့်အချိန်က ဘယ်တော့လဲ ......."

"မသိဘူး။ငယ်က တရားကျင့်ကြံတာမျိုးလည်း မရှိဘူး။အဲ့အပေါက်ဝနားမှာပဲ ထရင်ထ မထရင် မတ်တပ်ကြီးရပ်ပြီး ဒီနားကိုပဲဘတစ်စိုက်စိုက်မတ်မတ်ကြည့်နေတာ။အဲ့တော့ ကောင်းမယ့်အချိန်ကို ပြောလို့မရဘူး......"

"ဒါဆို ယောင်းနားသွားပြီး တရားကျင့်ဖို့ သွားပြောကြည့်ပါလား ဘုရင်ဂျွန်......"

ဂျောင်ဂုသည် ခေါင်းငြိမ့်ပြလိုက်ပြီး ငယ့်နားသို့ ထွက်လာခဲ့လိုက်သည် ။ ငယ်ရှိရာရောက်တော့ ငယ်သည် သူ့ဆီသို့ လာခဲ့ရန် လက်ညိုးဖြင့် အချက်ပြလာသည်။သွားသင့်မသွားသင့် ဂျောင်ဂုတွေဝေပြီးနောက် ဝင်သွားဖို့သာ ဆုံးဖြတ်လိုက်သည် ။

Dragon KingWhere stories live. Discover now