*10*

2.5K 225 20
                                    

Unicode.......

တစ်ချိန်က နတ်သူငယ်နှင့် ဂျွန်တိုင်းပြည်သည် အခြင်းခြင်း ရင်းနှီးချစ်ခင်ကြသည် ။ တစ်ယောက်အကူအညီကိုတစ်ယောက်ပေးရင်းနှင့် မိသားစုဖွယ် ရင်းနှီးချစ်ခင်ကြသည် ။

နတ်သူငယ်တိုင်းပြည်တွင်လည်း နဂါးများသည် တံခါးမရှိဓားမရှိ ဝင်ထွက်ခွင့်ရှိစသလို နဂါးတိုင်းပြည်တွင်လည်း နတ်သူငယ်များဟာ တံခါးမရှိ ဓားမရှိ ဝင်ထွက်ခွင့်ရှိသည် ။

အခုလည်း နတ်သူငယ်ထဲတွင် အလှဆုံးမိန်းကလေးဖြစ်သော ဆိုမင်သည် နဂါးတိုင်းပြည်သို့ ရောက်ရှိလာသည် ။နဂါးပြည်ရှိ ယောက်ျားလေးများအားလုံးရဲ့အကြည့်က ဆိုမင်ထံပါးတွင် တစ်ဖဝါးမှမခွာပေ။

နတ်သူငယ်မလေးဆိုမင်ကတော့ ခပ်ပြုံးပြုံးလေးပင် နဂါးတိုင်းပြည်ဈေးအနှံ့လှည့်လည် ကြည့်ရှုနေလေသည် ။ နဂါးလုလင်ပျိုများသည်လည်း မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး ဆိုမင်နောက်သို့ တစ်ကောက်ကောက်လိုက်ကြသည် ။

ထိုလုလင်ပျိုများထဲတွင် ဆိုမင်ကို အသေရရအရှင်ရရ လိုချင်သူကတော့ မူးရာဆိုသောနဂါးပင် ။ဆိုမင်သွားလေရာမှာ မူးရာဆိုသော နဂါးလုလင်ပျို အမြဲရှိသည် ။

ဆိုမင်အန္တရာယ်ဖြင့် ကြုံလာရင် မူးရာနဂါးက အမြဲအဆင်သင့်ရှိနေတတ်သည် ။ ထိုအချက်ကို သတိထားမိပြီးနောက်ပိုင်း ဆိုမင်သည် မူးရာအပေါ် ချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားလာခဲ့သည် ။ နောက်ပိုင်းတောင့် နှစ်ဦးစလုံး ချစ်သူတွေဖြစ်သွားပြီး လင်ထပ်ထိမ်းမြားလိုက်ကြသည် ။ ထိုအချိန်ထိ နဂါးနှင့်နတ်သူငယ်တို့ဟာ ချစ်ခင်ရင်းနှီးမှု ရှိကြသေးသည် ။

နွေရာသီတစ်ခုတွင် မီးပွားဟာ နတ်သူငယ်နှင့်နဂါးကြား စတင်ပေါက်ဖွားခဲ့လေသည် ။မီးပွားက‌နေ မီးတောက်ကြီးတစ်ခုအဖြစ် အဆုံးထိမြှင့်တတ်သွားခဲ့တာကတော့ နတ်သူငယ်မလေးဆိုမင်ကနေ အစပြုခဲ့သည်။

မူးရာနဂါး အစာရှာဖွေပြီး သူ၏အိမ်သူသက်ထားဆီသို့ ပြန်လာခဲ့သည် ။ အိမ်ရောက်တော့ သူ့ကိုစီးကြိုစောင့်နေသည်က သူသိပ်ချစ်ရသော အမျိုးသမီး၏ အလောင်းသာ ။ ဝမ်းဗိုက်တွင် ဓားချက်ပေါင်းက မြောက်များစွာ။ ကြမ်းပြင်တစ်ခုလုံး သွေးအိုင်အပြည့် ။

Dragon KingWhere stories live. Discover now