Unicode......
သူချစ်ရသော နဂါးဘုရင် သတိမလည်လာတာ ငါးရက်တိတိရှိပြီ။ပြောတော့ ဒီရွှေတောင်ဟာ နဂါးတို့အတွက် အားအင်ပြည့်ဝရာ နေရာတဲ့ ။ ဟုတ်တယ်ဆို အမြန်အားပြည့်ပြီး သတိလည်လာရမှာမလား ။
တစ်နေ့တစ်ခြား ထယ်ယောင်း ကြောက်ရွံ့လာပြီ။ချစ်ရသော နဂါးဘုရင်သာ ပြန်သတိမလည်လာရင် သူ ရှင်သန်နေတာဟာလည်း အလကား ဖြစ်သွားမှာ ။ ဒီကမ္ဘာမှာ သူ အသိဆုံးနှင့်အချစ်ဆုံးဆိုလို့ နဂါးဘုရင်သာ ရှိသည်လေ။
ဖော်မပြတတ်ခြင်း ပြောမပြတတ်ခြင်းများစွာဖြင့် နဂါးဘုရင်ကို လွန်စွာသံယောဇဉ်ရှိနေပါပြီ။ဒီကမ္ဘာမှာ ရှင်သန်ရခြင်းရဲ့ ခိုင်မာသော အကြောင်းပြချက်က ကိုယ့်ကမ္ဘာတွင် ရှင်သန်ချင်၍မဟုတ် ။ ဒီကမ္ဘာမှ နဂါးဘုရင်ရဲ့ ဖြစ်တည်မှု တစ်ခုတည်းသောကြောင့်ပင်။
ထို့ကြောင့်အမြန်ဆုံး သတိလည်လာစေရန် နဂါးဘုရင်ဆီက တစ်ဖဝါးမှမခွာသလို နဂါးဘုရင်ရဲ့နှုတ်ခမ်းကိုလည်း အနမ်းမပြတ် ဆက်တိုက်ကိုပေးနေလိုက်သည် ။ လူအသွင်နဲ့တုန်းကလည်း နဂါးဘုရင်ရဲ့နှုတ်ခမ်းကို နမ်းရတာ ကြိုက်တယ်။နဂါးအသွင်နဲ့လည်း နဂါးဘုရင်ရဲ့ နှုတ်ခမ်းကို နမ်းရတာ ကြိုက်တယ် ။ ဂျိုဂျိုးလေးကိုလည်း ကြိုက်တယ် ။
ထို့ကြောင့် နဂါးဂျိုဂျိုးလေးကိုလည်း ထယ်ယောင်းမှာ အသားယူတယ်။နှုတ်ခမ်းနမ်းလိုက် ဂျိုဂျိုးလေးကိုအသားယူလိုက်နဲ့ ဝမ်နည်းမှုတွေကို ဖြေဖျောက်နေရတာ။ခုလည်း တစ်စိမ့်စိမ့်ကြည့်နေတာကို နဂါးဘုရင်က နိုးမလာဘူး ။ ဒီနေ့မှ နိုးမလာရင်တော့ နဂါးကောင်လည်း နားမလည်ဘူး။ သတိမလည်လာမခြင်း တတ်လုပ်ပြစ်မှာ ။
"ကိုကို့တွင်းထဲ ငယ်ငယ့်ဂျိုဂျိုးလေးကို အောင်းစေချင်ရင် နိုးမလာနဲ့ ဟွန့်....."
"အင့်......"
နဂါးဂျိုဂျိုးလေးကို အားပါပါ ဖိညစ်လိုက်တဲ့အချိန် အင့်ခနဲ အော်သံနှင့်အတူ မျက်လုံးပွင့်လာလေသည် ။ နဂါးအသွင်ကနေလည်း လူပုံစံအသွင်သို့ ပြောင်းလဲလို့သွားခဲ့သည် ။ သူသည်လည်း ဝမ်းသာစွာ နဂါးဘုရင်၏ကိုယ်ပေါ် ဝမ်းလျားမောက် ပြစ်လဲပြစ်လိုက်တော့ သူ၏ခါးကို တင်းကြပ်စွာဖက်လာသည် ။ထို့အတူ ပြုံးပါပြုံးပြလာလေရဲ့ ။
YOU ARE READING
Dragon King
Fanfiction"စောက်ကျိုးနည်း ငါက system ကမ္ဘာထဲရောက်လာပြီး နဂါးဘုရင်ရဲ့အချစ် အရယူရမယ့် နတ်သူငယ်တဲ့လား ....." #Kim Taehyung..... "ဒီနတ်သူငယ်ကို နေရာတိုင်းတွေ့နေရတာ ကြာတော့မျက်စိကိုနောက်လာပြီ ...." #Jeon jungkook "စောက်ကျိုးနည်း ငါက system ကမ္ဘာထဲရောက်လာပြီး နဂါးဘု...