*14*

2.3K 209 14
                                    

Unicode......

နတ်သူငယ်ထယ်ယောင်းသည် ပန်းပင်တွေကြားထဲ ပျော်ရွှင်စွာလမ်းလျှောက်နေသည် ။ ကောင်းကင်ထက်တွင်‌တော့ နတ်သူငယ်လေး နေမခစေရန် ရွှေရောင်နဂါးတစ်ကောင်က ဝဲပျံကာ အရိပ်အာဝသပေးနေလေရဲ့ ။

ထယ်ယောင်းသည် ကောင်းကင်ထက်တွင် သူ့၏လမ်း‌လျှောက်နှုန်းအလိုက် ပျံသန်းနေသော နဂါးဘုရင်ကို မော့ကြည့်လိုက်ပြုံးလိုက် ။ ပြီးရင် လမ်းလျှောက်နေရာကနေ ပြေးလိုက် ။သူပြေးရင်လည်း နဂါးဘုရင်သည် သူပြေးသည့်နှုန်းအတိုင်း ကောင်းကင်ထက်တွင် လိုက်ပျံသန်းပေးသည်။ထိုအပြုအမူဟာ  နတ်သူငယ်ထယ်ယောင်းအတွက် အရမ်းသဘောကျသည်မို့ အကြိမ်ကြိမ်ထို့သို့သာ ပြုမူသည်။

နဂါးဘုရင်မှာလည်း သူ၏နတ်သူငယ် သဘောတကျ ပျော်နေတာကို မြင်တော့ စိတ်ချမ်းသာရသည် ။ ဘာဝမ်းနည်းမှု ဘာနာကျင်မှုမှမရှိ ခုလိုလေးပဲ အမြဲတမ်းပျော်ရွှင်စေချင်မိသည်။ ဒီနတ်သူငယ်လေး ပျော်ရွှင်ဖို့ အသက်ကိုစတေးရမည်ဆိုရင်တောင် ထိုက်တန်ပါသည်။

နတ်သူငယ်လျှောက်သွားသည့်နောက် ဂျောင်ဂုသည်လည်း တစ်ကောက်ကောက် လိုက်ပျံသန်းရတော့သည် ။ ဘယ်ဆီကိုဦးတည်လျှောက်နေမှန်းမသိသည့်အတွက် ရှေ့တည့်တည့်ကို လှမ်းကြည့်လိုက်တော့ နတ်သူငယ်ဦးတည်နေတာက အမှောင်တောအုပ်ပင် ။

အမှောင်တောအုပ်ဆိုတာ လွန်စွာဆိုးဝါးသော မိစ္ဆာတွေသာ နေထိုင်ရာဒေသ ။ သူတို့သည် သူများပိုင်နက်ကိုလည်း ကိူးကျော်ဝင်ရောက်ခြင်းမရှိသလို သူတို့ပိုင်နက်ထဲကိုလည်း ကျူးကျော် ဝင်ရောက်ရင် ပြာမှုန်အဖြစ်သို့ ပြောင်းလဲသွားရသည်သာချည်း ။သူတို့လို အင်အားကြီးတဲ့နဂါးတွေတောင် ပြန်ထွက်ဖို့မလွယ်ကူသည့် အရပ်ဒေသ။မဖြစ်တော့ တားမှဖြစ်မည်။

နဂါးအသွင်ကနေ လူအသွင်ပြောင်းပြီး  နတ်သူငယ်ရှေ့ပိတ်ရပ်လိုက်တော့ သူ့ကို ချိုသာပြုံးပြလာသည် ။ ထို့နောက် ခြေဖျားထောက်ကာ သူ၏နှုတ်ခမ်းကို ဖိကပ်ကာ နမ်းလာသည်။

"နောက်ပြန်လှည့်တော့ ‌ငယ် ....."

"ဟင် ဘာလို့လဲ ကိုကို ။ ရှေ့က တောအုပ်က အရမ်းလှတာ ။အဲ့ကို သွားကြမယ်လေ ကိုကို....."

Dragon KingWhere stories live. Discover now