*6*

2.3K 184 38
                                    

(Unicode)

သူ၏နောက်သို့ နဂါးအသွင်ဖြင့် လိုက်လာသော ဂျောင် ဂျောင်ဂုဂီကြောင့် သူ့မှာ အရှိန်မြှင့်ကာ ပျံသန်းရတော့သည် ။နဂါးဘုရင်အချစ်ကို မရခင် သူ့မှာ မီးမြှိုက်သေရတော့မယ့်အဖြစ် ။

ထယ်ယောင်းလည်း အမြန်ပျံသန်းနိုင်သမျှ ပျံသန်းနေသလို နဂါးဘုရင်သည်လည်း နောက်ကနေလိုက်မပျက်ဗျာ ။ ပုန်းစရာနေရာ ကို မျက်စိဖြင့် လှည့်ပတ်ပြီးကစားကာ ရှာကြည့်တော့ တွေ့ပါပြီ ဂူတစ်ခု။

ထိုကြောင့် ထယ်ယောင်းလည်း တုန့်ဆိုင်းမနေဘဲ လျင်မြန်စွာ ပျံသန်းကာ ဂူထဲသို့ ဝင်ခဲ့လိုက်သည်။ဂူထဲသို့‌ ရောက်တော့ ပုံမှန်အတိုင်း ပြန်ပြောင်းလိုက်သည် ။

"ဟူး တော်......"

စကားတောင်မဆုံးသေး နဂါးဘုရင်သည် လူအသွင်ဖြင့် ဂူထဲသို့ ရောက်ရှိလို့လာသည်မို့ သူမှာနောက်သို့အော်တိုဆုတ်လျက်သား။မျက်နှာအနေအထားကြီးက တကယ်ပင် သူ့ကို မီးမြှိုက်တော့မည့်ပုံ။

"ဟို ဟိုဟာလေ ဘာ ဘာလို့ နောက်ကလိုက်လာတာလဲဟင်......"

"ဘယ်လိုထင်လဲ......."

နဂါးဘုရင် ရှေ့တိုးလေ သူက‌နောက်ဆုတ်လေ။ နောက်ဆုံးတော့ ဂူနံရံနှင့် ကျောပြင်ဟာ တစ်သားတည်းကျရောက်လို့သွားခဲ့လေသည်။နဂါးဘုရင်သည် လက်နှစ်ဖက်ကို နံရံပေါ်ထောက်လိုက်သည်မို့ သူ့မှာ နဂါးဘုရင်နှင့်နံရံကြား ပိတ်မိလို့ ။

မော့ကာ နဂါးဘုရင်ကိုကြည့်လိုက်တော့ သူ့ကို အလိုမကျစွာ မျက်မှောင်ကျုံ့ကာ ငုံ့ကြည့်လာသည်မို့ ခေါင်းငုံ့လိုက်မိသည်။ လက်နှစ်ဖက်သည်လည်း အင်္ကျီအနားစကို စုပ်ချေနေလိုက်သည် ။သူ့ကို ဘာမှတော့ မလုပ်လောက်ပါဘူးမလား ။ ဟုတ်တယ် ဘာမှမလုပ်လောက်ပါဘူး ။ဘာမှမလုပ်ပါစေနဲ့။စိတ်ထဲကနေသာ ထိုနှစ်ခွန်းကို အကြိမ်ကြိမ် ရေရွတ်နေမိလိုက်သည်။

"ခေါင်းမော့ပါအုံး အမောင် ကင်ထယ်ယောင်း....."

"မော့လိုက်လို့ မီးမြှိုက်သွားရင် ဘယ်လိုလုပ်မလဲ....."

"ငါ မီးမြှိုက်ချင်မှတော့  မင်း ဒီဂူထဲဝင်လာကတည်းက အပြင်ကနေ မီးမြှိုက်လိုက်ပြီလေကွာ......"

Dragon KingWhere stories live. Discover now