*3*

2.5K 251 41
                                    

(Unicode)

ထယ်ယောင်းသည်နတ်သူငယ်သေးသေးလေးအသွင် ဖန်ဆင်းရင်းဖြင့် နဂါးဘုရင်၏ အဆောင်နားရှိ သစ်ပင်ပေါ်တွင် ရောက်ရှိလို့နေသည်။

ထိုနဂါးဘုရင်၏ ပြတင်းပေါက်နှင့် သစ်ပင်နဲ့က လုံးဝကွက်တိ။အဲ့တော့ နဂါးဘုရင် ဘာလုပ်လုပ် မြင်နိုင်သည်လေ။ခက်တာက နဂါးဘုရင်က ခုချိန်ထိကို ပေါ်မလာသေး။

ဟိုနဂါးမနားသွားပြီး ကြောင်နေတာတော့ မဟုတ်ဘူးမလား။ထိုစဉ် သူ၏မြင်လွှာထဲသို့ ဝင်လာသေ ပုံရိပ်တစ်ခု။သေချာပေါက် နဂါးဘုရင်ပဲပေါ့။

သူကြည့်နေစဉ်အတွင်း အဝတ်ကို ချွတ်ချလိုက်သော နဂါးဘုရင်ကြောင့် အလျင်အမြန်ပင် မျက်စိကို လက်ဖြင့်ကာလိုက်သည်။လက်ကြားထဲကနေ ချောင်းကြည့်လိုက်တော့ တော်ပါသေးရဲ့ တစ်ကိုယ်လုံးမှာ  ဘောင်းဘီ‌တော့ကျန်နေလို့။ထိုတော့မှ သက်ပြင်းအသာချနိုင်တော့သည်။

လက်မြောင်းကြွက်သား ဗိုက်ကြွက်သားများဖြင့် နေရာယူထားကယ ခန္ဓာကိုယ်ဟာလည်း ကျစ်လစ်သန်မာစွာ တည်ရှိနေသည်။

ထိုစဉ်နဂါးဘုရင်သည် သူရှိတာကို သိသည့်အလား သူနေနေသော သစ်ပင်နေရာတည့်တည့်တော့ စူးစိုက်ကာကို ကြည့်လာသည်မို့ တံတွေးအသာမျိုချလိုက်သည်။မြင်တော့မမြင်ဘူးမလား ။မြင်ရင် ခုချိန်မီးထမှုတ်နေလောက်ပြီလေ ။မမြင်ဘူးလို့သာ သတ်မှတ်လိုက်မယ်။

ခြေချိတ်ထိုင်ကာ အရက်သောက်နေသော နဂါးဘုရင်ပုံစံသည် ကြွေဆင်းလောက်သည်အထိကို လွန်စွာကြည့်ကောင်းလို့နေသည်။ခြေတော်ရင်းမှ ခစားမိချင်လာသည်အထိပင်။

နဂါးဘုရင်သည် သောက်ကောင်းကောင်းနှင့် သောက်နေသလို သူသည်လည်း ငေးကောင်းကောင်းနှင့်ငေးနေတာ နေတောင်ဝင်တော့မည်။

"အချိန်တွေကလည်းနော် နဂါးဘုရင်နဲ့တွေ့ရင်ကို ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိဘူး...."

ခုတော့ အိမ်ပြန်ရတော့မည်။ဟင်း အနမ်းသွားပေးအုံးမှပါ။လူသေးသေးလေးအတိုင်း ပြတင်းပေါက်မှတစ်ဆင့် နဂါးဘုရင်နားသို့ ပျံသန်းလာခဲ့လိုက်သည်။ပါးပြင်နားထိ ပျံသန်းလာလိုက်ပြီး ပါးပြင်ကို အနမ်းခြွေပြီး အိမ်သို့ပျံတန်းလာခဲ့လိုက်သည်။

Dragon KingWhere stories live. Discover now