Unicode.........
"ဂျောင် ဂျောင်ဂုဂီရေ ယောင်းလာတယ်......."
ခုဆို နဂါးဘုရင်နဲ့သူ၏ ဆက်ဆံရေးက မဆိုစလောက်လေး တိုးတတ်လာသည် ။ သူလာတတ်မှန်းသိတော့ နဂါးဘုရင်သည် ပြတင်းပေါက်မဟုတ်လျှင် တံခါးပေါက်ကို အမြဲဖွင့်ထားပေးတတ်သည် ။သူ့အတွက် ဖွင့်ထားတာလားလို့ မေးလျှင်လည်း ခပ်တည်တည်ဖြင့် မေ့သွားလို့ဆိုပြီး ဗြောင်လိမ်သေးတာ ။
"ဟီး အိပ်နေတာလေးက တတ်လုပ်ချင်စရာလေး......."
နှစ်ခြိုက်စွာ အိပ်ပျော်နေသော နှဂါးဘုရင်ကို ကြညါ့ပြီး တိုးတိုးလေး ရေရွတ်လိုက်သည် ။ စိတ်ထဲရှိတဲ့အတိုင်း တတ်လုပ်လိုက်ပြန်ရင် မီးမြှိုက်ခံရအုံးမည် ။ စိတ်ထိန်း စိတ်ထိန်း။ထို့ကြောင့် ဂျောင်ဂုဘေး ဝမ်းလျားမှောက်လဲကာ မေးထောက်ပြီး တစ်စိမ့်စိမ့်သာ ထိုင်ကြည့်နေလိုက်သည် ။
"ဟက် ငါလေး လူရွေးမမှားခဲ့ဖူးဘဲ......."
တစ်စိမ့်စိမ့်ကြည့်လေ ချစ်စရာကောင်းလာလေ။ကြည့်နေရင်း နမ်းချင်စိတ်က ထိန်းမရတော့သည်မို့ နဂါးဘုရင်ရဲ့နှုတ်ခမ်းကို ဖိကပ်ကာ နမ်းလိုက်သည် ။
"ဟီး အခုမှပဲ လိုအပ်နေတဲ့အရာက ပြည့်ဝသွားသလိုပဲ......."
အနမ်းခြွေပြီးနောက် နဂါးဘုရင်ကို တစ်စိမ့်စိမ့်ကြည့်နေရင်းနဲ့ တဖြေးဖြေးဖြင့် မျက်လုံးက မှိတ်ကျသွားလေတော့သည် ။
"ဟက် လူလည်လေးက သူ့လုပ်ချင်တာ လုပ်ပြီးသွားတော့ အိပ်ပျော်သွားပြီ......."
ဘာသံမှ မကြားရတော့သည်မို့ မျက်လုံးဖွင့်ကာ ခေါင်းစောင်းပြီး ကြည့်လိုက်တော့ အိပ်ပျော်နေသော နတ်သူငယ်ကို တွေ့လိုက်ရသည် ။ နတ်သူငယ်ရှိရာသို့ ဘေးစောင်းလိုက်ပြီး မျက်နှာအစိတ်အပိုင်းတစ်ခုခြင်းဆီကို သေချာစွာ ကြည့်လိုက်သည် ။
ယောက်ျားလေးတစ်ဦးဆိုပေမယ့် နတ်သူငယ်ဟာ တကယ့်ကို အလှပဂေးလေး ။ လှပတဲ့မိန်းကလေးတင်မဟုတ် လှပတဲ့ယောက်ျားလေးလည်းရှိတယ်ဆိုတာ နတ်သူငယ်က သတ်သေပြလို့နေသည် ။
အိပ်မက်ထဲ ဘာတွေအလိုမကျလဲမသိ နှုတ်ခမ်းထော်ပြီး အိပ်နေပုံက အသည်းယားစရာ ။နတ်သူငယ်ဟာ အိပ်နေရင်လည်း အငြိမ်မနေပါ ။ သူ့ကို ဖက်ကာ အားရပါးရကလည်း ခွထားသေး ။ ဒါတင်ဘယ်ကမလဲဗျာ နှုတ်ကလည်း ပွစိပွစိ ပြောနေသေးတာ ။ ဘာတဲ့
YOU ARE READING
Dragon King
Fanfiction"စောက်ကျိုးနည်း ငါက system ကမ္ဘာထဲရောက်လာပြီး နဂါးဘုရင်ရဲ့အချစ် အရယူရမယ့် နတ်သူငယ်တဲ့လား ....." #Kim Taehyung..... "ဒီနတ်သူငယ်ကို နေရာတိုင်းတွေ့နေရတာ ကြာတော့မျက်စိကိုနောက်လာပြီ ...." #Jeon jungkook "စောက်ကျိုးနည်း ငါက system ကမ္ဘာထဲရောက်လာပြီး နဂါးဘု...