*4*

2.6K 239 32
                                    

(Unicode)

"

လိုက်ပြတာတော့ လိုက်ပြလို့ရပါတယ် ။

ဘာပြန်ပေးမှာလဲ ....."

လက်ဖြန့်ကာ တောင်းလာသော နတ်သူငယ် ။စိတ်ပေါက်ပေါက်နဲ့ ပြောချလိုက်မိတာက

"လဥ ပြန်ပေးမယ် ယူမှာလား......."

"အို ယူမှာပေါ့ လဥပိုင်တာက လူကိုပိုင်တာနဲ့အတူတူပဲလေ......"

ထယ်ယောင်းစကားကြောင့် နဂါးဘုရင် ဂျွန်ဂျောင်ဂုမှာ စွံအလျက်။ မင်ဟီးလည်း ထိုနည်းတူပဲ။

ထယ်ယောင်းမှာတော့ သူတို့ဖြစ်နေပုံကို လျစ်လျူရှုပြီး နဂါးဘုရင်ရှေ့သွားကာ လက်ဖြန့်ကာ တောင်းလိုက်သည်။

"ပေးလေ......."

အပြစ်ကင်းသောပုံစံဖြင့် လက်ဖြန့်ကာတောင်းလာသော နတ်သူငယ်။ အမြင်ကတ်ကတ်ဖြင့် သူ၏လက်ထဲသို့ တံတွေးထွေး ပေးလိုက်သည် ။ ကဲ ဘာတတ်နိုင်သေးလဲ နတ်သူငယ်။

"ယား ပြောတဲ့အတိုင်းပေးလေ ဘာလို့ တစ်ခြားဆီ လာပေးနေတာ‌လဲ......."

ထင်မှတ်မထားစွာ သူ၏လက်‌ဖဝါးသို့ တံတွေးထွေးကာ ထွက်သွားသော နဂါးဘုရင်။စိတ်ကူး‌ပေါက်ပေါက်နှင့် လက်ဖဝါးပြင်က တံတွေးကို ဖောလောမရဲ့ လက်မောင်းသို့ သုတ်ချပြစ်လိုက်သည်။ကင်ထယ်ယောင်းကိုများ ဘာမှတ်နေတာလဲ။

"ဟာ ......."

ဖောလောမလည်း ထင်မှတ်မထားဘူးထင်ပါ့။ ခုလိုလုပ်လိုက်တော့ တအံ့တဩကို ပါးစပ်အဟောင်းသားဖြင့် သူ့ကိုကြည့်လာသည်။

"ဟို ဖောလောမဆိုတော့လေ ခုလိုလုပ်တာ အပြစ်မမြင်ဘူးမလားဟင်......"

အပြစ်ကင်းစင်သော အမူအရာဖြင့် ထယ်ယောင်းဆိုလိုက်လျှင်

"ဪ အင်း အပြစ်မမြင်ပါဘူး ရပါတယ်......."

"သူ အပြစ်မပြင်ပေမယ့် ငါအပြစ်မြင်တယ် ........"

ကြားထဲကနေ ဝင်ဖြေလာသော နဂါးဘုရင်ကို ထယ်ယောင်း ပေစောင်းစောင်းကြည့်လိုက်သည် ။ ကာယကံရှင်တောင် ဘာမဖြစ်တဲ့ကိစ္စကို ဒီနဂါးဘုရင်က ဘာ ထ ဖြစ်ရတာလဲ။အာ နဂါးဘုရင်က ဒီ ဖောလောမကို ကြိုက်နေတာပဲကိုး ။ ဖောလောမကို ထိတော့ ဘယ်ခံချင်ပါ့မလဲ ။ ဘယ်လိုလုပ်မလဲ ထယ်ယောင်းကလည်း မထိနဲ့ဆိုတာမျိုးကို ပိုပြီး ထိချင်တာ။

Dragon KingWhere stories live. Discover now