*2*

2.8K 276 44
                                    

(Unicode...)

ထယ်ယောင်းထင်ထားတာက ဝတ္ထုမလို့ နဂါးဘုရင်ရဲ့ လူအသွင်ကို အလှပဆုံး ဖြစ်အောင် ပုံဖော်ထားတယ်ပဲ ထင်တာလေ။တကယ်ဆမ်းလက်တွေ့ကြုံလိုက်ရတော့ နတ်သူငယ် ချစ်တာလဲ မပြောနဲ့လေ ။နဂါးဘုရင်က စောက်ချောကြီး။

မျက်ခုံးကောင်းကောင်းအပြင် အဝါရောင်မျက်ဝန်းက။နှာတံကလည်း ချွန်ချွန်လေး။နှုတ်ခမ်းအစုံကလည်းနီရဲရဲလေး။နဂါးနားရွက်ချွန်ချွန်လေး။ပါးပြင်နှစ်ဖက်မှာလည်း နဂါးစူးတောင်လိုမျိုးအမှတ်အသား။လည်ပင်းလည်း ထိုကဲ့သို့ပင်။

ဦးခေါင်းထက်တွင်လည်း ဂျိုနှစ်ခွနှင့်။မီးခိုးရောင် လှိုင်းတွန့်ကောက်ဆံနွယ်ကလည်း ခါးထက်ထိအရှည်ကြီး။ခန္ဓာကိုယ်ဖွဲ့စည်းပုံကလည်း Gymကစားသမားလိုမျိုး တောင့်တောင့်တင်းတင်း။ခေါင်းစခြေအဆုံး ချုံပြီးကြည့်ရင် ‌တကယ့်ကို စောက်ချောကြီး။

(ငမ်းတာတော်တော့လေ ကင်ထယ်ယောင်းရှီ နဂါးဘုရင်က မျက်မှောင်ကျုံ့လာပြီနော် ။အကင်မဖြစ်ချင်ရင်‌ ကြည့်တာလျှော့တော့.....)

"အဟမ်း......"

System အစုတ်ပလုပ်ပြောမှ အသိဝင်လာပြီး အရှက်ပြေချောင်းအသာ ဟန့်လိုက်သည်။ဒါတောင် နဂါးဘုရင်က မျက်မှောင်‌ကျုံ့ကြည့်နေတာက ရပ်တန့်မသွားသေး။ဒါတောင် စောက်ချာကြီးက ဖြစ်နေသေး။

"မေးနေတာ ဖြေလေ။ အ နေတာလား........"

" အ စရာလား ။ခင်ဗျားကြီးက စောက်ရမ်းချောနေတာကိုး ။ရင်ခုန်သွားတာပေါ့......"

"ငါ ချောတာ ငါသိတယ် ။မင်းပြောစရာ မလိုဘူး နတ်သူငယ်...."

"ကိုယ်ချောမချောဆိုတာ ကိုယ့်ကိုမြင်တဲ့လူပဲ သိနိုင်တာလေ ..."

စိတ်လေသောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။နဂါးဘုရင်က ကိုယ့်ကိုကိုယ် စိတ်ကြီး ဝင်နေတာပဲ။

"ထွက်သွား ငါ့ပိုင်နက်ထဲကနေ ........"

"ထွက်မှာပါ စိတ်ချမပူနဲ့ ထွက်ရမယ့်အပေါက်သာ ပြော ထွက်မယ်........"

(ကင်ထယ်ယောင်းရှီး လူကို သေးသေး‌လေးလုပ်ပြီး ပျံလို့ရတယ်လေ ။ထွက်ပေါက်မှ မလိုပဲ........)

Dragon KingWhere stories live. Discover now