*16*

2K 192 6
                                    

Unicode......

"တွေ့ချင်ရတဲ့ အကြောင်းရင်းက ဘာများလဲ မသိဘူး...."

"ဖြေးဖြေးပေါ့ အကြီးအကဲရွန်ရဲ့ ဘာတွေလောနေရတာလဲ ။ဘာလဲ ကျုပ်ရဲ့သူလျှိုဖြစ်နေတာကို သိသွားမှာ ကြောက်နေတာလား။သိသွားတော့လဲ ဘာအရေးလဲဗျာ ခင်ဗျားကို မိစ္ဆာအဖွဲ့အစည်းက ရာသက်ပန်ကြိုဆိုမှာပါဗျ ဟားဟား......"

အိုင်း လှောင်ရယ်လေ နတ်သူငယ်တို့၏အကြီးအကဲရွန်ဟာ မျက်နှာပျက်လေလေပင်။သူ့အတွက်တော့ ရွန်မျက်နှာပျက်လေ ပိုဝမ်းသာလေးပင်။ဒါတောင် သူ လုပ်ထားတွေကို မပြောရသေးဘူးနော် ။ပြောသာပြောလိုက်ရင် ချက်ခြင်းကို ဒူးထောက်တောင်းပန်လောက်တယ် ။

"မင်းတို့ရဲ့တော်ဝင်မင်းသားကို ငါရချင်တယ် အကြီးအကဲရွန်....."

"ခင်ဗျာ ဒါကတော့ မဖြစ်နိုင်......"

"မဖြစ်နိုင်တာတွေကို အကြီးအကဲရွန်ကညဖြစ်လာအောင်လုပ်နိုင်တာတွေမှ အများကြီးပဲလေ ။ ဥပမာ မူးရာနဂါးကြီးလိုမျိုးပေါ့....."

"မူးရာနဲ့ပတ်သတ်ပြီး နာမည်တောင်မပြောဖို့ ဂတိပေးထားတယ်လေ ...."

"အခု ကျုပ်ပြောမနေဘူးလေ ။ ဥပမာပေးတဲ့သဘောမျိုးပါဗျာ ။ ခင်ဗျားကို ကျုပ်က တောင်းဆိုနေတာမဟုတ်ဘူး ။တော်ဝင်မင်းသားလေးကို ကျုပ်ရကိုရအောင် လုပ်ပေးဖို့ပြောနေတာ ။ခုကိစ္စမှာ ကျုပ်ကလမ်းဖွင့်ပေးမယ်။ ကျန်တာ ခင်ဗျားက ဆက်ဖောက်ပေါ့ ဟုတ်တယ်မလား ......"

"ကျွန်တော်က ဘာလုပ်ပေးရမှာလဲ...."

"မင်းတို့ရဲ့တော်ဝင်မင်းသားလေးက နဂါးဘုရင်နဲ့ ချစ်ကြိုးသွယ်နေတယ်။ ဒါဆို ဘာဆက်လုပ်သင့်လဲဆိုတာ သိလောက်ရောပေါ့ ။ကျုပ်လက်ထဲ တော်ဝင်မင်းသားကို မအပ်နိုင်ရင် ခင်ဗျားရဲ့သက်တမ်းလည်း စေ့သွားပြီလို့သာ မှတ်ထားလိုက် ။ ကျုပ်က ကျုပ်ပိုင်နက်ထဲသာ စွမ်းအားတွေက အကျုံးဝင်တာ မဟုတ်ဘူးနော် အကြီးအကဲရွန်........"

တရွေ့ရွေ့ထွက်ခွာသွားသော မိစ္ဆာဘုရင်ကိုကြည့်ပြီး ရွန်မှ ခြေပင်မခိုင်တော့ မြေပြင်ထက်ပုံလျက်သား လဲကျသွားခဲ့ရသည်။သူသည် နဂါးနဲ့နတ်သူငယ်ကြား ပြန်ပြင်ဆင်လို့မရသော အမှားတစ်ခုကို ကျူးလွန်ခဲ့ပြီးပြီ။ထိုအမှားက ပျောက်ကွယ်လုဆဲဆဲမှာ ထိုထက်ဆိုးဝါးတဲ့ အမှားကို သူဟာ ပြုလုပ်ရပေအုံးမည်။

Dragon KingWhere stories live. Discover now