*13*

2.4K 206 14
                                    

UNICODE.......

နဂါးဘုရင်သည် ပြောသည့်အတိုင်း သူ့ဆီသို့ ညတိုင်းညတိုင်း လာအိပ်သည် ။ ဒါကိုလည်း အကိုနမ်ဂျွန်သိသည် ။ ဘာမှပြောဆိုခြင်းမရှိဘဲ မသိချင်ယောင်ဆောင်ထားသည် ။

တားဆီးမည့်သူ မရှိသည့်အတွက် သူနှင့်နဂါးဘုရင်၏ နေ့ရက်တိုင်းက ပျော်ရွှင်စရာအတိ။တစ်ခါတစ်ရံဖောလောမ နဂါးမမင်ဟီးက ရောက်လာတတ်ပြီး သူနှင့်အပြိုင် နဂါးဘုရင်ကို ဝင်ဝင်လုသေးသည် ။ နဂါးဘုရင်ကို ရွေးခိုင်းလိုက်တိုင်း သူသည်သာ အနိုင်ရသည်မို့ ကြိုက်သလောက် ဝင်လုပါစေ ဂရုကိုစိုက်မနေတော့ဘဲ ပျော်ပျော်ရွှင်ရွှင်သာ နေလိုက်တော့သည် ။

သူ့ကိုရွေးချယ်သည့်အချိန်မျိုးဆို ဖောလော်သည် သူ့ကိုမျက်စောင်းထိုးကာ ထွက်သွားတတ်ပြီး နတ်သူငယ်မင်ဂျောင်နားသို့ ရောက်ရောက်သွားတတ်ပြီး ဘာတွေပြောကြလဲမသိ ခပ်တည်တည်နေသော မင်ဂျောင်ကပါ ရံဖန်ရံခါ လိုက်ရယ်တတ်သေးသည်။ထိုအချိန်အခါမျိုးဆို ဖောလောမနဂါးမကို မင်ဂျောင်ဆီသာ  နေ့ရောညပါ လွှတ်‌ထားပေးချင်စိတ် တစ်ဖွားဖွား။

အရှုပ်ထုပ်နှစ်ယောက်လုံး သူတို့နှစ်ဦးနားမရှိရင် အေးအေးဆေးဆေးနေလို့ရသလို ကြည်ကြည်နူးနူးလည်း နေလို့ရသည်လေ။မဟုတ်ပါက ရဲက ထောင်သားကို အလွှတ်မပေးဘဲ မျက်စိတောက်ထောက်ပြီး ကြည့်သလိုမျိုး မင်ဂျောင်၏ အကြည့်ကို သူက ခံနေရသည်လေ။

ခုလဲ သူတို့နှစ်ဦး အကြည်စိုက်နေသည်ကို မခံနိုင်သည့်အဆုံး နဂါးဘုရင်ရှိရာ နဂါးသဘင်အစည်းအဝေးသို့ ထွက်ခဲ့လိုက်သည် ။သူ၏နဂိုအသွင်အတိုင်းဝင်သွားရင် နဂါးဘုရင်အတွက် အခက်အခဲရှိနိုင်တာမို့ လိပ်ပြာအရွယ်အစားမျှရှိသည်အထိ ခန္ဓာကိုယ်ကို သေးချလိုက်သည်။

ထို့နောက် ပြတင်းပေါက်ကနေတစ်ဆင့် နဂါးသဘင်အစည်းအဝေးခန်းမသို့ ဝင်ခဲ့လိုက်သည် ။ သူ့အတွက်တော့ နဂါးမျိုးနွယ်ပြောသမျှ စိတ်ထဲလည်းမရှိသလို အာရုံထဲလည်းမရှိ။စိတ်ထဲကော အာရုံထဲကော ရှိတာဆိုလို့ နဂါးဘုရင် ဂျွန်ဂျောင်ဂုသာ။

ထို့ကြောင့် ဘုရင့်ထိုင်ခုံတွင် မိန့်မိန့်ကြီးထိုင်နေသော နဂါးဘုရင်အနားသို့သွားလိုက်ပြီး ညစ်ကျယ်ကျယ်ပြုံးကာ ခြေကျင်းဝတ်ကနေပြီး နဂါးဘုရင်၏အောက်ပိုင်းတွင်းသို့ ဝင်ခဲ့လိုက်သည် ။ အလည်ရပ်ဝန်းတွင်ရောက်တော့  နဂါးဘုရင်၏ နဂါးငယ်လေးကို မြင်လိုက်ရတော့ လက်ဖြင့်ပါးစပ်ကိုအုပ်ကာ တအံ့တဩ ဆိုမိလိုက်သည်။

Dragon KingWhere stories live. Discover now