(Unicode....)
"ထပ်ပြီး နဂါးဘုရင်ဆီပဲလား ယောင်း......"
ထွက်သွားရန်ပြင်နေသော သူ့ကို ကြည့်ပြီး အလိုမကျစွာဆိုလာသော အကိုနမ်ဂျွန်ကို သူ ရယ်ပြလိုက်သည်။
"ဟီး ယောင်းကို ပေးသွားရင် အကိုဂျင်နဲ့ အောင်သွယ်ပေးမယ်..."
"အဟမ်း မိုးမချုပ်စေနဲ့......"
"ဟီးဟီး သွားပြီနော်......"
ထယ်ယောင်းလည်း နဂါးဘုရင်ရှိရာဆီ ပျံသန်းလာခဲ့လိုက်သည် ။ ပျံသန်းနေစဉ်အတွင်းလည်း နဂါးဘုရင်ကို ဘယ်လိုသွေးဆောင်ဖျားယောင်းရမလဲဆိုတာလည်း တွေးရင်းပေါ့။
အချစ်ကားတွေမကြည့်ခဲ့တာ ခုချိန်မှာ နောင်တအရဆုံးပင် ။ ဝတ္ထုထဲကအတိုင်း ဆွဲဆောင်ပြန်ရင်လည်း ကိုယ်ကဗီလိန် ဖြစ်သွားပြန်အုံးမယ် ။ ဟုတ်တယ်လေ ဝတ္ထုထဲမှာဆုံး အများဆုံးမြူစွယ်ကြတာတွေက ဗီလိန်မတွေလေ ။ ဗီလိန်တော့ အဖြစ်မခံနိုင် ။ ကိုယ်နည်းကိုယ့်ဟန်နဲ့ မြူစွယ်မှ ရတော့မည် ။
(System.......)
နောက်ဆုံး systemကိုသာ မေးရန် ဆုံးဖြတ်လိုက်တော့သည် ။
( ဟုတ် ပြောပါ.......)
(နဂါးဘုရင်ကို ငါ မြူစွယ်လို့ရမယ့် နည်းလမ်းလေးပြောပြပါလား......)
(Systemက တစ်ခါမှ မမြူစွယ်ဘူးတော့ မသိပါဘူး......)
(သုံးစားမရတဲ့ System......)
(ကျွန်တော်က systemသတ်သတ်ပဲလေ ......)
(အဲ့တာကြောင့် ဘာလုပ်ရမယ် ဘယ်လိုလုက်ရမယ်ဆိုတာ ပိုသိတာလေ.......)
{ဘာမှာလဲ မဆိုင်ဘူး....}
ဒီတစ်ခါတော့ နဂါးဘုရင်ရဲ့ ပြတင်းပေါက်က ပိတ်ထားလို့ပါလား ။ ထို့ကြောင်သူလဲ နန်းတော်တံခါးပေါက်ကနေ ပျံသန်းခဲ့လိုက်ပြီး နဂါးဘုရင်ရဲ့အခန်းရှိရာဆီသို့ လာခဲ့ပေမယ့် အခန်းတံခါးကလည်း ပိတ်ထားသည် ။ဘာလဲ သူလာမှာသိလို့ အခန်းရဲ့ရှိသမျှ တံခါးအကုန်ပိတ်ထားတာလား။ ကင်ထယ်ယောင်းကို ဒီလိုလုပ်လို့ရရောတဲ့လား ။
အင်္ကျီလက်ကို ပင့်တင်ကာ စွမ်းအင်သုံးပြီး တံခါးကို ပွင့်စေလိုက်သည် ။ တံခါးလဲ ပွင့်ပွင့်ခြင်း မြင်လိုက်ရတာက ခက်ထန်စွာ စိုက်ကြည့်လာသော နဂါးဘုရင်ကိုပင် ။ ထို့အကြည့်ကြောင့် တံတွေးကို အသာမြိုချလိုက်ရင်း အားတင်းကာ နဂါးဘုရင်အခန်းခဲသို့ ဝင်သွားလိုက်သည် ။
YOU ARE READING
Dragon King
Fanfiction"စောက်ကျိုးနည်း ငါက system ကမ္ဘာထဲရောက်လာပြီး နဂါးဘုရင်ရဲ့အချစ် အရယူရမယ့် နတ်သူငယ်တဲ့လား ....." #Kim Taehyung..... "ဒီနတ်သူငယ်ကို နေရာတိုင်းတွေ့နေရတာ ကြာတော့မျက်စိကိုနောက်လာပြီ ...." #Jeon jungkook "စောက်ကျိုးနည်း ငါက system ကမ္ဘာထဲရောက်လာပြီး နဂါးဘု...