*Final*

2.3K 190 40
                                    

Unicode....

ထယ်ယောင်း ဆေးကုံက ဆင်းဆင်းခြင်း ဦးစွာသွားမိသည်က ဝတ္ထုအရောင်းဆိုင်ပင်။ထိုဆိုင်ထဲမှ နဂါးဘုရင်ဝတ္ထုစာအုပ်ကို ဝယ်ယူခဲ့ပြီး ‌မည်သည့်အပိုင်းကိုမှ ကျော်ခွခြင်းမရှိ စိတ်ဝင်တစ်စား ဖတ်ရှုလိုက်သည်။ဖက်ရှုနေရင်း တစ်သွင်သွင်ကျဆင်းလာသော မျက်ရည်များကိုလည်း မသုတ်ဖယ်မိ။အားရကျေနပ်စွာ ကျဆင်းခွင့်ပေးလိုက်သည် ။

ဝတ္ထုပါ အကြောင်းအရာကတော့  သူရောက်ရှိခဲ့သည့်အတိုင်း ပြောင်းလဲလို့ သွားခဲ့တယ်။အဆုံးသတ်အနေနဲ့ကတော့ နတ်သူငယ်လေးဟာ သူ့အသက်နှင့်နဂါးဘုရင်အသက်ကို အလဲအထပ်လုပ်ခဲ့လိုက်သည်တဲ့။နဂါးဘုရင်ဟာ အသက်ရှင်ပြီး နတ်သူငယ်လေးကတော့ သေဆုံးသွားခဲ့သည်တဲ့လေ။

နဂါးဘုရင်ဟာ သေရာမှနိုးထလာပြီး အဖြစ်အပျက်အစုံသိပြီးနောက် အမှောင်တောအုပ်တစ်အုပ်လုံးကို မီးမြှိုက်လိုက်သည်တဲ့။မိစ္ဆာဘုရင်အိုင်းသည်လည်း သူချစ်ရသော နတ်သူငယ်လေး သေဆုံးသွားမှန်းလည်းသိရော ကျေနပ်စွာမီးမြှိုက်ခံပြီး အသက်သေဆုံးသွားသည်တဲ့လေ။

အကြီးအကဲရွန်လည်း သေဆုံးသွားပြီး တိုင်းပြည်နှစ်ခုလုံးဟာ အဖြစ်အမှန်ကို သိကြပြီးတဲ့နောက် အရင်လိုပဲ ပြန်လည်ပေါင်းစည်းသွားပြီး နဂါးဘုရင်၏ ဦးရီးတော်မူးရာသည်လည်း နေရပ်သို့ ပြန်လည်ရောက်ရှိလို့လာခဲ့ပြီး တူဖြစ်သူလွှဲပြောင်းပေးအပ်သော ဘုရင်ရာထူးကို ဆက်ခံပြီး မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်ခဲ့သည်တဲ့လေ။

နဂါးမလေးမင်ဟီးနှင့်မင်ဂျောင်လည်း လက်ထပ်သွားပြီး သမီးလေးတစ်ယောက်သားလေးတစ်ယောက် ဖွားမြင်သည်တဲ့လေ။အကိုနမ်ဂျွန်နဲ့အကိုဂျင်ကတော့ မင်ဟီးတို့လက်ထပ်အပြီး တစ်နှစ်လောက်အကြာမှာ လက်ထပ်ခဲ့သည်တဲ့လေ ။

ကိုကို ။သူ၏ ချစ်ရသူကိုကိုကတော့ သားနှစ်ယောက်ကို အကောင်းမွန်ဆုံး ပျိုးထောင်းခဲ့သည်တဲ့လေ။သားလေးနှစ်ယောက်ကိုလည်း နာမည်လုံးဝမပေးဘဲ သားကြီးသားငယ်လို့သာ  လူတိုင်းကို ခေါ်သွင်စေသည်တဲ့လေ။အကြောင်းပြချက်ကတော့ သူပြန်လာမှ ကြိမ်းသေသည်မို့ မပေးတာတဲ့လေ။ပြီးတော့ သူတို့နှစ်ဦးစတွေ့တဲ့ နယ်စပ်ကို ရက်မပြတ်သွားပြီး သူ့ကိုစောင့်နေသည်တဲ့လေ။သူ့ကိုကိုဟာ ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်လဲ။

Dragon KingWhere stories live. Discover now