အပိုင်း - ၅

3.7K 121 7
                                    

Uni

.
.
.

ဂုဏ်ပြုပွဲမှာ ကြာဆန်ချက်ကျွေးမှာမို့ စာသင်ဆောင်ထဲ ခုံတွေစီရသည်။ ခုံစီပြီးလို့ ပိုးဟပ်ဖြူကို ရှာကြည့်တော့ ကြာဆန်အိုးမွှေနေ၏။ လူက အိုးမွှေတဲ့ ယောက်မလောက်ပဲ ရှိတာမို့ ကျော်နေမင်း စ ချင်လာသည်။

" နေခြည်ထွန်း ''

" အေး ''

မီးခိုးမွှန်ပြီး နှာခေါင်းရှုံ့ရင်း သူခေါ်တာကို လှည့်ထူးသည်။

" အိုးမွှေတဲ့ ယောက်မကို နင်နဲ့မှားနေကြဦးမယ်။ ယောက်မကမှ နင့်ထက် ဝသေးတယ် ''

ကျော်နေမင်းစကားကြောင့် အနားမှာ ရှိတဲ့ဂိုက်တွေက ရယ်ကြသည်။

" နင်နော် ''

" မစပါနဲ့ဟဲ့ ငါတို့အရိုးလေးကို ''

" လာ ဒါဆို နင်လာလုပ် ''

ပိုးဟပ်ဖြူလက်ထဲက ယောက်မကို သူလက်လွှဲယူပြီး မွှေနေလိုက်သည်။ စိတ်ထဲမှာ ပိုးဟပ်ဖြူနဲ့ ပိုနီးစပ်ချင်နေသည်။ အချိန်ပြည့် ဒီငဖောင်ရိုးကိုပဲ လိုက်ရှာနေမိ၏။

" ပြောပြရဦးမလား ''

ပိုးဟပ်ဖြူက ဘာတွေအောက်ဖဲလှန်မှာလဲ ဆိုသည့်ပုံစံဖြင့် ပြူးတူးပြဲတဲတွေ သူ့ကိုကြည့်လာတာမို့ ကျော်နေမင်း မျက်လုံးတွေကို မှေးစင်းကာ ငါးခူပြုံးလေးပြုံးပြလိုက်သည်။

" နေခြည်ထွန်းက ကျွန်တော့်ထက် သုံးလကြီးတယ် ''

" အမလေး အဆန်းလုပ်လို့ ''

နားထောင်နေကြသည့် အစ်မတွေက ထအော်သည်။

" မဟုတ်ဘူး။ သူက ကြီးတာ။ အဲဒါကို သူငယ်တန်းတုန်းက ကျွန်တော့ကို ကိုကျော် လို့ခေါ်တာ ''

" တကယ်ကြီးလား ''

" တကယ်... ပြီးတော့ သူရေးတဲ့ ခဲတံကြီးက လူတောင် ထုသတ်လို့ရလောက်တယ် အကြီးကြီး။ နေ့တိုင်း ကျွန်တော်ချွန်ပေးရတာ ''

" အမယ် သူတို့က ငယ်ချစ်တွေ... ''

" ဟေ့ ဘာတွေလဲဟေ့ ''

ကျော်နေမင်း ငယ်ကျိုးငယ်နာဖော်အပြီး အကုန်လုံးက ဝိုင်း စ တာမို့ နေခြည်ရှက်ရသည်။ ငယ်ငယ်တုန်းကတော့ အဲလိုတွေ စနောက်ခံရရင် စိတ်တိုတတ်ပေမယ့် ကြီးလာတော့ နေခြည် ရှက်တတ်လာသည်။

မခွဲအတူWhere stories live. Discover now