အပိုင်း - ၄၅

3.9K 266 40
                                    

Uni
.
.

မနက်ပိုင်း မမတို့ကို ကန်တော့ကာ ကျော်တို့အိမ်ကို ထွက်လာခဲ့ကြသည်။ ကိုထွန်းလင်းက လိုက်ပို့ပေးပြီး မမကတော့ ဆိုင်စောင့်နေခဲ့လေ၏။ မိုးက မသည်းပေမယ့် ဖွဲဖွဲလေးရွာနေလေသည်။ အိမ်ရှေ့ရောက်တော့ ကျော်က အရင်ဆင်းကာ ထီးဖွင့်ပြီး နေခြည့်ကို လာကြိုသည်။

" လာ မိန်းမ။ ခေါင်းမစိုစေနဲ့နော် ဖျားမယ် ''

" အင်းပါ။ ကိုထွန်းလင်း... သမီးတို့ဝင်​တော့မယ် ''

" အေအေ ပြန်မယ့်အချိန်ဖုန်းဆက်လိုက်။ လာကြိုမယ်နော် ''

" ဟုတ် ''

ကားသံကြားလို့ထင်သည်။ မေမေကိုယ်တိုင် လာကြို၏။

" ဖေဖေတို့ရော မေမေ့ ''

" အထဲမှာ ရှိတယ်။ မကြီးက သူ့ယောင်းမလာမှာမို့တဲ့။ တစ်မနက်လုံး မီးဖိုချောင်ထဲကကို မထွက်ဘူး ''

ထူးထူးခြားခြား နေခြည့်ကို ကြည့်ကာ ကြည်ကြည်သာသာစကားဆိုတာမို့ ကြောင်အမ်းနေရသည်။ မေမေမှ ဟုတ်ပါလေစ ဟု ထင်မိသည်အထိပင်။

" သမီးတို့လာကြပြီလား ''

ဖေဖေကတော့ ထုံးစံအတိုင်း နေခြည့်ကို အဓိကထားကာ ကြိုလေ၏။

" လာကြပြီးလားဟေ့။ ''

" မကြီး ''

မကြီးကထွက်လာတော့ နေခြည်​ပြေးသွားကာ မကြီးလက်မောင်းကို ချိတ်ထားလိုက်သည်။

" ထမင်းစားကြမယ်လေ ''

" မနက်စာစားလာခဲ့တယ် မကြီးရဲ့ ''

" ဟင်... ဒီကဖြင့် မနက်စာစားဖို့စောင့်နေတာ။ သီးစုံထမင်းတောင်ကြော်ထားသေး။ ပူပူနွေးနွေးလေး ''

" ပြန်စားလိုက်မယ်လေ မကြီးရဲ့။ ဘာဖြစ်လဲ ''

နေခြည် အများကြီးမစားနိုင်ပေမယ့် မကြီး ပင်ပန်းရကျိုးမနပ်မှာစိုးလို့ စိတ်ချမ်းသာအောင် ကြံရသည်။ နေခြည်တို့ကို စောင့်နေကြတာမို့ ဘာမှမလုပ်သေးခင် အထုတ်ပလုတ်တွေချထားပြီး မနက်စာပြင်ရသည်။ မကြီးလက်ရာကတော့ မပြောင်းမလဲ ရှယ်အတိုင်းပင်။

" ဟိုမှာ ကိုယ့်ဟာကိုယ် ချက်တော့ရော အဆင်ပြေလား ညီမလေး ''

" မပြေပါဘူး။ မကြီးညီမက ကြက်ဥလောက်ပြုတ်တတ်တာ ''

မခွဲအတူWhere stories live. Discover now