အပိုင်း - ၄၇

2.9K 242 22
                                    

Uni
.
.

နေခြည် ရေချိုးပြီးတော့ ကျော်ကလည်း ရေချိုးကာ မနက်စာစားပြီးတာနဲ့ ကျောင်းကိုသွားကြလေသည်။ တချို့နဲ့ကတော့ ကျောင်းအပ်တဲ့နေ့ကတည်းက ခင်နေပြီးသားမို့ ထူးထွေကြီးမိတ်ဆက်စရာမလိုပေ။ ဆရာမ မလာခင်တော့ နေခြည်မကြောက်ပေမယ့် ဆရာဝင်ကာနီးတော့ နည်းနည်းလန့်လာသည်။

" ကျော်... ဆရာမက နှင်တော့မထုတ်လောက်ပါဘူးနော် ''

" မထုတ်ပါဘူး မိန်းမရဲ့။ တခြားအတန်းကလူတွေလည်း လက်ချာလာယူကြတယ်လေ.... ဟိုမှာတစ်ယောက် ဟိုးထောင့်မှာနှစ်ယောက် ''

" အင်း အင်း ပြီးရော ''

ကျော်က အဆင်ပြေတယ်ဆိုပေမယ့် နေခြည် လန့်နေတုန်းပင်။

" အစ်မ... လာလာ ညီမလေးတို့နဲ့ လာထိုင် ''

နောက်ဆုံးခုံက ကောင်မလေးနှစ်​ယောက်က ခေါ်တော့ နေခြည် နေရာပြောင်းထိုင်ဖို့လုပ်လိုက်သည်။

" မောင့်နားနေပါလား မိန်းမရယ်။ ''

" ဟယ်... နင်တို့ယောက်ျားလေးတွေကြားထဲ ငါတစ်ယောက်တည်း ထီးထီးကြီး။ ဟိုကိုပဲသွားမယ် ''

ပြောရင်း နေရာရွှေ့ထိုင်ဖို့ ပြေးသွားလိုက်သည်။
.
.

" လာ လာ အစ်မ... ခုံပေါ်အိပ်ချင်အိပ်နေ ဘာမှမဖြစ်ဘူး ''

ခဏနေတော့ ဆရာမဝင်လာတာမို့ ထ နှုတ်ဆက်ကြသည်။ ဆရာမက နေခြည့်ကိုတစ်ချက်လှမ်းကြည့်ပေမယ့် ဘာမှတော့မပြောပေ။ ပျင်းလာပေမယ့် ဆရာမကို မရိုမသေလုပ်သလိုဖြစ်မှာစိုးတာမို့ ဖုန်းလည်း ထုတ်မကြည့်ရဲ။ ကျော်ကတော့ ခဏခဏ လှည့်ကြည့်ကာ ခြေဟန်လက်ဟန်နဲ့ အဆင်ပြေလား ဆိုသည့်ပုံလုပ်ပြ၏။

" ကဲ.... နောက်တစ်ချိန်ကလည်း ဆရာ မလာနိုင်ဘူးတဲ့။ ဆရာမပဲ ဆက်ယူလိုက်​တော့မယ် ''

" ဟာ....''

" စောစောဆင်းချင်ပါတယ်ဗျိုးးးး ''

ဆရာ မလာတဲ့အချိန်မို့ စောစောဆင်းရမယ် ထင်ထားကြပေမယ့် နှစ်ချိန်ဆက်ယူလိုက်တော့ ဆရာမကြောင့် ကျောင်းသားတွေရဲ့အသံက ထွက်လာသည်။ ထိုအထဲမှာ ကျော်က အဆိုးဆုံးပင်။ အိမ်မှာဆို ကိစ္စအဝဝ ကျော့်ကို အားကိုးနေရတာမို့ လူစွမ်းကောင်းကြီးလို ထင်မြင်နေမိတာကြောင့် ကျော်ဟာ အသက် ၂၁ နှစ်သာရှိသေးတဲ့ လူငယ်လေးဆိုတာကို နေခြည် မေ့လုမတတ်ဖြစ်နေခဲ့လေသည်။ အခု ကျောင်းကို လိုက်လာတော့ ကျော့်ကို ကျောင်းသားလေးပုံစံမြင်နေရတာမို့ နေခြည် အထူးအဆန်းခံစားနေရသည်။

မခွဲအတူWhere stories live. Discover now