Uni
.
.
.နေခြည် တစ်နေကုန် ထမင်းမစားဖြစ်တော့။ ပြတ်မည့်စကားကို ကျော့်ဘက်က အတည်ပြုတာ ပထမဆုံးဖြစ်ပြီး တကယ်လည်း အတည်ဖြစ်လိမ့်မည်။ အရင်လို ဘလော့တာတွေ စက်ပိတ်တာတွေ မလုပ်တော့ဘဲ ကျော့်ဆီက စာတွေ အဝင်ကောလ်တွေကို မျှော်နေပေမယ့် ရောက်မလာခဲ့။ နေခြည်လည်း ဒီစိတ်နဲ့မို့ တစ်နေကုန်ခွေနေမိပြီး ရေပင် ထမချိုးဖြစ်။ နေခြည် ပစ်ထားတဲ့အချိန်တွေဆို ကျော်ရော ဒီလို ခံစားနေခဲ့ရမလားပဲ။ နေခြည်ဆိုးမိတာတွေအတွက် ပထမဆုံးအကြိမ် နောင်တရမိသည်။
နေခြည်က ချစ်ပြတဲ့နည်းလမ်းမှားခဲ့ပြီး မချစ်တတ်ခဲ့တာဖြစ်သည်။ နေခြည့်ဘဝမှာ ပထမဆုံး ဆိုးချင်သလိုဆိုးခွင့်ပေးခဲ့သူမို့ ကျော့်အပေါ်အနိုင်ယူခဲ့မိသည်။ ကျော်ခံစားရမှာတွေ စိတ်ညစ် နာကျင်ရမှာတွေကို ထည့်မတွေးပေးခဲ့။ ကိုယ့်အတွက်ကိုယ်ပဲတွေယခဲ့မိသည်။ ဒါပေမယ့် ကျော့်ကို မချစ်တာတော့မဟုတ်။
" ကျော်ရေ... ငါဘာလုပ်ရမလဲ ''
တစ်နေကုန်ဆက်သွယ်မလာတာမို့ နေခြည်တို့ပြတ်တာ ပိုသေချာသွားသည်ဆိုရမည်။ နောက်တစ်ရက်ရောက်သည်အထိ ကျော်ဆီ့က ဘာသတင်းမှ မကြားရပေ။ နောက်ဆုံးတော့ တကယ်မပြတ်နိုင်တဲ့ နေခြည်ကပဲ ဖုန်းခေါ်လိုက်တော့သည်။
" လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်...''
.....ဟင်......
နေခြည် ပိုထိတ်လန့်သွားသည်။ စကားများပြီး ကျော့်ဘက်က ဖုန်းပိတ်တာ ပထမဆုံးပင်။ ဒုတိယတစ်ခေါက်ထပ်ခေါ်ကြည့်ပေမယ့် မရ။ နောက်တစ်ခေါက် မရ။ အခေါက်ပေါင်းများစွာ ခေါ်နေပေမယ့် မဝင်တဲ့ဖုန်းကပဲ ရူးတာလား၊ စက်ပိတ်ထားတဲ့ဖုန်းကို အကြိမ်ကြိမ်ခေါ်နေမိတဲ့ နေခြည်ကပဲရူးတာလား မသိတော့။
ဖုန်းခေါ်မရတော့ စာတွေ တစ်စောင်ပြီး တစ်စောင်ပို့လိုက်သည်။ တောင်းပန်တဲ့အကြောင်း၊ မပြတ်နိုင်တဲ့အကြောင်းပေါ့။ အရင်ကတည်းက မဆိုးခဲ့ရင် ကောင်းလိမ့်မည်။ တကယ်စိတ်ကုန်သွားလားမသိတဲ့ ကျော်ကတော့ လိုင်းပေါ်မှာလည်းမရှိသလို ဖုန်းကလည်း ခေါ်လို့ကိုမရတော့ပြီ။
YOU ARE READING
မခွဲအတူ
Teen Fictionငယ်ငယ်ကတည်းက ရင့်ကျက်ပြီး အတန်းခေါင်းဆောင်အမြဲလုပ်ရတဲ့ ကောင်လေး ကျော်နေမင်း ခြူခြာလွန်းလို့ ကျော်နေမင်းက ပိုးဟပ်ဖြူလို့ နာမည်ပေးခံရတဲ့ ကောင်မလေး နေခြည်ထွန်း