အပိုင်း - ၃၆

3.2K 191 13
                                    

Uni
.
.

ပိုးဟပ်ဖြူ ဆီက ဖုန်းလာတော့ ဆိုင်ကယ်လေတိုးသံနဲ့မို့ ကျော်နေမင်း ဘာမှမကြားလိုက်ရပေ။ ပွဲဖြစ်ပြီးသွားမှ ဖုန်းပြန်ခေါ်လိုက်တော့မည်။ ဝယ်မယ့်သူက ကျောင်းသားဖြစ်ပြီး ကျောင်းသွားတက်ရမှာမို့ ကားဂိတ်မှာ ဆိုင်ကယ်ကြည့်ရန် စောင့်နေလေသည်။ ဆိုင်ကယ်ကြိုက်ရင် တစ်ခါတည်းငွေချေပြီး ကားပေါ်တင်သွားမှာမို့ ကားထွက်ချိန်အမီ ဆိုင်ကယ်သွားပြရမည်။

ကားဝင်းထဲရောက်တော့ ဆိုင်ကယ်ကြည့်မယ့်ကျောင်းသားနဲ့ သူ့အဖေက စောင့်နေကြလေသည်။

" အားနာလိုက်တာ အစ်ကိုရာ။ ကျွန်တော်လည်း ကားထွက်ချိန်ကနီးနေတော့ ဒီလာခိုင်းရတာ။ ''

" မလိုပါဘူးဗျာ။ ''

" ဒီဘီးလား အစ်ကို ရောင်းမှာက... ''

ဆိုင်ကယ်ကို သေချာပြပြီး သေချာရှင်းပြရသည်။ ဝယ်ရောင်း လုပ်ရတာမလွယ်။ ဝယ်သူ လိုချင်တာကို ကွက်တိကျအောင်ပြောတတ်ရသည်။ ရှင်းပြတဲ့ထဲ အမှားပါပြီး ဝယ်သူက သဘောမကျဖြစ်သွားလျှင် လေကုန် လူပန်းတာပဲ အဖတ်တင်ပြီး ပွဲဖြစ်မှာမဟုတ်ပေ။

" လျှော့ပါဦး ဘီးကတော့ကြိုက်တယ်။ ကာဗာတွေက ဆေးမှုတ်ထားတာတွေမလား ''

" မလုပ်ပါနဲ့ဗျာ။ ဆေးမှုတ်ပေမယ့် အော်ဆေးအတိုင်းရအောင် ရှယ်လုပ်ထားရတာ။ ကျန်တာ ဘာမှမပါသေးဘူး လက်ခချည်းပဲ ၂သိန်းကျော်ကျထားတာ ''

" လုပ်ပါဗျာ မိတ်ဖြစ်ဆွေဖြစ်ပေါ့ ''

ညှိရင်းနဲ့ပဲ ရောင်းထွက်သွားတော့သည်။ ဝယ်သူလည်း စိတ်ချမ်းသာသွားသလို သူကလည်း တော်တော်မြတ်လေ၏။ ကံကောင်းကာ ပေါချောင်ကောင်းရလိုက်တာမို့ အရင်းမများဘဲ ကြိုက်စျေးရောင်းလိုက်ရလေသည်။

" အပြန် ဘာဝယ်သွားရမလဲ ''

ပိုးဟပ်ဖြူဆီဆက်တော့ ဖုန်းကမကိုင်ပေ။ စီးလာတဲ့ဆိုင်ကယ်က ရောင်းလိုက်ပြီမို့ ဆိုင်ကယ် ကယ်ရီငှားရသည်။

" အိမ်ရောက်မှ အတူဝယ်လိုက်တော့မယ် ''

အတွေးနဲ့အတူ သူအိမ်ပြန်ရောက်လာတော့ ငိုနေတဲ့ မငယ်ကိုသာ တွေ့ရလေ၏။

မခွဲအတူWhere stories live. Discover now