အပိုင်း - ၄၉

2.8K 133 22
                                    

Uni
.
.
.

နေခြည် အိပ်မပျော်ဘဲ လူးလွန့်နေတော့ ကျော်ကလည်း နိုးလာလေသည်။

" မိန်းမ အိပ်မပျော်ဘူးလား ''

" အင်း... ''

" လာ ဒီကို ''

ကျော့်ရင်ခွင်ထဲဝင်ကပ်နေတော့ နေခြည့်ကို ကလေးတွေချော့သိပ်သလို ကျောသပ်ကာ သိပ်လေ၏။ နေခြည်လည်း ငြိမ်ငြိမ်လေးနေကာ မျက်လုံးတွေကို မှိတ်ထားလိုက်ပေမယ့် အိပ်မပျော်သေးပေ။

အတွေးထဲမှာ တစ်ခုခုလုပ်ဖို့သာ စဥ်းစားနေမိသည်။ နေခြည် ကလေးလေးမွေးချင်သည်။ နေခြည်နဲ့တူတဲ့သမီးလေးတစ်ယောက် ကျော့်အတွက်မွေးပေးခဲ့ချင်၏။ ကျော်က သဘောတူမှာမဟုတ်တာ အသေအချာမို့ နေခြည်တစ်ယောက်တည်းသဘောနဲ့ပဲ တားဆေးဖြတ်ထားဖို့ ဆုံးဖြတ်လိုက်သည်။ ဖြစ်ချင်ရာဖြစ် ကလေးယူမည်ဟု ဆုံးဖြတ်ပြီး စိတ်ဒုန်းဒုန်းချလိုက်တော့မှ အိပ်ပျော်သွားလေတော့သည်။
.
.

နောက်နေ့ကစ နေခြည် တားဆေးမသောက်ဖြစ်တော့။ ဒါပေမယ့် ဆေးလုံးတွေကို တစ်ရက်တစ်လုံးထုတ်ကာ ကျော်မမြင်အောင် လွှင့်ပစ်ရသည်။ ဒီလရက်ကျော်တဲ့အထိ ရာသီမလာတာမို့ နေခြည် ကလေးရပြီထင်မှတ်ကာပျော်နေလေ၏။

ဆေးဆိုင်ကလည်း နီးနီးနားနားမရှိတော့ နေခြည်ဆီးစစ်တံဝယ်ချင်ပေမယ့် တစ်စီးတည်းသောဆိုင်ကယ်က ကျော် ကျောင်းသွားရင်စီးတာမို့ မဝယ်ရသေး။ ကျော့်ကိုလည်း ဝယ်ခိုင်းလို့မရ။ နောက်တော့ ကျော် ကျောင်းသွားနေတုန်း ငှားနေကျ ဆိုက်တွဲငှားကာ စကင်းကဲတွေသွားဝယ်ရင်း ဆေးဆိုင်ဝင်ကာ ဆီးစစ်တံတွေဝယ်လာလိုက်သည်။

" သေချာဖွက်ရမယ် ''

ကျော်က စပ်စပ်စုစုမရှိပေမယ့် နေခြည်က ကိုယ့်ကိုယ်ကိုယ် မလုံတာမို့ ထမိန်ခေါက်တွေကြား ဆီးစစ်တံတွေထိုးဖွက်ထားလိုက်လေသည်။
.
.

" မိန်းမရေ ''

ညနေ နေခြည် ထမင်းအိုးလေးတည်နေတုန်း ကျော်ပြန်ရောက်လာ၏။

" ဟော မီးသွေးနဲ့ ချက်နေတာလား ''

" အင်း မီးပျက်သွားလို့ ''

မခွဲအတူWhere stories live. Discover now