အပိုင်း - ၄၀

3.2K 141 8
                                    

Uni
.
.

ကျော်နေမင်း တကယ်တော့ ပျောက်သွားတာမဟုတ်ပါ။ အိမ်ကနေ ဝေလီဝေလင်းထွက်လာပြီး မုံရွာလိုင်းကားကို မနက်အစောဆုံးကားစီးပြီး လိုက်ခဲ့တာဖြစ်သည်။ သူလည်း ကျောင်းပြန်တက်မှာဆိုတော့ အခြေကျအောင် ခုကတည်းက မုံရွာမှာနေဖို့ စဥ်းစားထားသည်။ ပိုးဟပ်ဖြူနဲ့ နှစ်ယောက်တည်း အေးအေးဆေးဆေးနေချင်တာလည်းပါ၏။

အရင်အ​ဆောင်က ကျောင်းသားဆောင်မို့ လင်မယားနေဖို့အဆင်မပြေ။ အိမ်ငှားရှာဖို့ကျလည်း သိပ်မကျွမ်းနေတာမို့ ဆိုင်ကယ်လောကထဲ သူ့လက်ဦးဆရာလို့ပြောရမယ့် ဝပ်ရှော့ဆရာဆီပဲသွားကာ မေးမြန်းရသည်။

" ကောင်းပါတယ်ကွာ.. အိမ်ခွဲနေတာ အားပေးတယ်။ မင်းတို့က ငယ်ကငယ်၊ အိမ်မှာလည်း အငယ်ဆုံးတွေဆိုတော့ နှစ်ဖက်မိဘဝင်စွက်ဖက်တာနဲ့တင် ချစ်ကြည်နူးရမှာမဟုတ်ဘူး ''

အိမ်ထောင်သည်ဖြစ်တဲ့ ဝပ်ရှော့ဆရာက သူ့သောကကို နားလည်လေသည်။
.
.

အရေးတကြီးဆိုမှ အိမ်ငှားကလည်း ရှာရခက်လေသည်။ တွေ့တဲ့အိမ်တွေကိုလည်း သူကမကြိုက်။ ပိုးဟပ်ဖြူ အဆင်ပြေဖို့ ရေမီးအစုံရှိမယ့်အိမ်ကိုသာ ငှားချင်၏။ ပိုးဟပ်ဖြူကလွဲရင် အကုန်လုံးကို ဘလော့ထားလိုက်သည်။ တစ်ယောက်တစ်ပေါက်ပြောကြတာတွေ သူစိတ်ရှုပ်လှ၏။ ပိုးဟပ်ဖြူဆီတော့ ဖုန်းဆက်မရလို့ စာပို့ထားလိုက်သည်။ အိမ်ငှားဖို့အရေးသာ ခေါင်းထဲကြီးစိုးနေပြီး ကျန်တာမတွေးမိတော့ပေ။

" ငါ့ညီ... အိမ်တစ်လုံးတော့ရှိတယ်ကွ။ ''

ဝပ်ရှော့ဆရာက ဝမ်းသာအားရ ဖုန်းဆက်ပေးရှာသည်။

" ဟုတ် အစ်ကို။ ရေမီးစုံလားဗျာ။ အဲဒါလေးအဓိကမို့ပါ ''

" အေး ရေမီးကတော့ အစုံ။ လမ်းမနဲ့လည်း သိပ်မဝေးဘူး။ ဒါပေမယ့် တစ်နှစ်တော့ချုပ်ရမယ်တဲ့ကွ ''

" တစ်လ ဘယ်လောက်တဲ့လဲဗျ ''

" တစ်သိန်းခွဲတဲ့ကွ။ ဆက်တီနဲ့ AC တွေပါတယ်တဲ့။ ''

တစ်နှစ်ဆို ဆယ့်ရှစ်သိန်းပင်။ သူ့ပိုက်ဆံအကုန်နီးပါး သုံးပြီး ငှားရမှာဖြစ်ပေမယ့် အဆင်ပြေရင် တစ်နှစ်လည်းငှားလိုက်ဖို့ ဆုံးဖြတ်လိုက်၏။

မခွဲအတူWhere stories live. Discover now