Uni
.
." ဘယ်လိုပြောလိုက်တာလဲ မမရယ်။ အိမ်ခွဲနေရင်ပြီးသွားမယ့်ဟာကို ကျော့်ကို ဘာကိစ္စ ပြန်ခိုင်းလိုက်ရတာလဲ ''
ဖေဖေက ကျော့်ကိုခေါ်ပြီး ထွက်သွားတော့ နေခြည်လည်း ကလေးငိုသလို ခြေဆင်းထိုင်ကာ ငိုချလိုက်သည်။ မမမျက်နှာကတော့ တင်းမာနေ၏။
" ဖုန်း ပေး... ''
ပြောပြောဆိုဆို အခန်းထဲက နေခြည့်ဖုန်းကို မမက သွားယူလာသည်။
" ခုတလော ဖုန်းမသုံးနဲ့။ မမရုံးခဏသွားရမယ်။ မကြာဘူး။ ဗိုက်ဆာဆာ မဆာဆာ မနက်စာ စားထား။ ကိုယ့်ရောဂါ ကိုယ်သိ ''
ညီမဖြစ်သူဖုန်းကို သိမ်းထားခဲ့ပြီး ဇင်မီအံကြိတ်ကာ ထွက်လာခဲ့လိုက်သည်။ ကိုလင်းဆိုင်ရှေ့ရောက်တော့ ဆိုင်ကယ်ရပ်ကာ ဆိုင်ထဲဝင်ခဲ့တော့ ကိုလင်းက ထွက်ကြို၏။
" ဘယ်လိုဖြစ်သွားပြီလဲ မ ''
" ပြန်ခိုင်းလိုက်တယ် ကိုလင်း။ ညီမလေးကိုလည်း မထည့်နိုင်ဘူး ပြောလိုက်တယ် ''
" ဗျာ... ညီမလေးက ပြန်မပေါင်းချင်ဘူးတဲ့လား ''
ရှေ့မှာရှိတဲ့ ခေါက်ဆွဲပန်းကန်ကို ဇင်မီ အကြောင်းမဲ့ မွှေနေမိရင်း ခေါင်းခါပြလိုက်သည်။
" သူ့ယောကျ်ားမြင်တော့ လိုက်သွားချင်တာ ပျာနေတာပဲ။ ကောင်လေးကလည်း ဒီမှာနေဖို့လာတာနဲ့တူပါတယ် ''
" နေခိုင်းလိုက်ပါလား မ ရယ်။ အလကားနေရင်း ခွဲလိုက်တော့ ကလေးတွေပဲ စိတ်ဆင်းရဲရရော။ ညီလေးနဲ့ ဖြစ်တာမှ မဟုတ်ဘဲ ''
" မဟုတ်ဘူး ကိုလင်း။ ကျော်နေမင်းနဲ့ဖြစ်တာမဟုတ်ပေမယ့် သူ ကြိုတင်မကာကွယ်ခဲ့လို့ဖြစ်ရတာ။ သူ့အမေက ညီမလေးကို မကြည်မှန်းသိရဲ့သားနဲ့ တစ်အိမ်ထဲအတူသွားနေတယ်လေ။ မ တို့အိမ်မှာနေဖို့ပြောတော့လည်း လက်ခံမလိုလိုနဲ့ အချိန်တန်ရင် သူ့အိမ်ကို ပြန်ပြန်ခေါ်သွားတာ။ ''
ဇင်မီ့စကားဆုံးတော့ ကိုလင်းက သက်ပြင်းချလေသည်။
" မ ညီမလေးကို သူ့အမေက တစ်ခုလပ်ဖြစ်မှ တန်ဖိုးကျမယ် ဘာညာဆိုပြီး ဟင်းရွက်ကန်စွန်းလိုကို ပြောလွှတ်တာ။ အရင်ကလည်း ဒီလိုပြောနေကျနေမှာပေါ့။ ညီမလေးက ကျော်နေမင်းကို ပြောရင်လည်း သည်းခံဖို့ပဲ ပြန်ပြောတယ်တဲ့။ ရင်နာလို့ မဆုံးဘူး။ ကိုယ်တောင် မငေါက်ရက်ခဲ့တဲ့ကလေးကို။ စကားလေး ပြောမိတာနဲ့ အထေ့အငေါ့တွေလည်း ပါအောင် ပြောသေးတယ်တဲ့ ''
YOU ARE READING
မခွဲအတူ
Teen Fictionငယ်ငယ်ကတည်းက ရင့်ကျက်ပြီး အတန်းခေါင်းဆောင်အမြဲလုပ်ရတဲ့ ကောင်လေး ကျော်နေမင်း ခြူခြာလွန်းလို့ ကျော်နေမင်းက ပိုးဟပ်ဖြူလို့ နာမည်ပေးခံရတဲ့ ကောင်မလေး နေခြည်ထွန်း