Uni
.
." မေမေ သားအပြင်သွားမလို့။ ဘာမှာဦးမလဲ ''
" အပြင် ဘာသွားလုပ်မှာလဲ ''
" ဒီလိုပါပဲ စားချင်တာလေးတွေသွားဝယ်မလို့ ''
ပိုးဟပ်ဖြူ နေမကောင်းလို့ အားရှိတာတွေ သွားဝယ်မယ်လို့တော့ မပြောလိုက်တော့ပေ။
" ဪ အေအေ မမှာတော့ဘူး။ မင်းမိန်းမရော ''
" ရှိတယ် မေမေ ''
" အခန်းထဲချည်း ခွေခိုင်းမနေနဲ့။ ခြေဆန့် လက်ဆန့်အပြင်ထွက်ဖို့ပြောဦး ''
" ဟုတ်ကဲ့ပါ ''
ပိုးဟပ်ဖြူက နေမကောင်းဘူး ပြောတာမို့ တစ်ခုခုကျွေးဖို့ အောက်ဆင်းကြည့်တော့ ထမင်းကြော်နဲ့ အသီးတွေသာရှိသည်။ မစားချင်လောက်တာ သေချာတာမို့ အပြင်ထွက်ကာ ပိုးဟပ်ဖြူကြိုက်တဲ့ နံပြားထောပတ်သုတ်နဲ့ နွားနို့ပူပူလေးဝယ်ပေးရမည်ဟုတွေးလိုက်သည်။
.
." ကိုကုလားကြီး မြန်မြန်လုပ်ပါဗျာ ''
နွားနို့စစ်စစ်ရဖို့အရေး သူ့မှာ မြို့လယ်က မနက်စာရောင်းသည့် လက်ဖက်ရည်ဆိုင်အထိလာဝယ်ရသည်။ လာတာ နေမြင့်တာမို့ လူတွေက ကြိတ်ကြိတ်တိုးနေကာ စောင့်ပင်ဝယ်ရ၏။
" ရပြီ...ရပြီ... နံပြားထောပတ်သုတ်နှစ်ပွဲ၊ ပေါ့ဆိမ့်တစ်ခွက်၊ နွားနို့တစ်ခွက်၊ နန်းကြီးသုပ်တစ်ပွဲ ဟုတ်တယ်နော် ''
" ဟုတ်တယ်။ ဘယ်လောက်လဲ ''
ကျသင့်ငွေကို ရှင်းပေးကာ မြန်မြန်ထွက်ခဲ့လိုက်သည်။ သူစောင့်ရတာ ကြာမကြာတော့မသိ မေမေပင် ခြံထဲ တံမြက်စည်းသိမ်းပြီးလို့ ပန်းပင်တွေရေလောင်းနေသည်။
" မေမေ နန်းကြီးသုပ်ဝယ်လာတယ် ''
" အမေက ထမင်းကြော်တွေစားထားတာ သား။ ချိတ်ထားလိုက် ဆာမှစားမယ် ''
" ဟုတ် ''
မီးဖိုထဲဝင်ပြီး ဝယ်လာတဲ့ နွားနို့နဲ့ ကျဆိမ့် ကို ခွက်တွေထဲထည့်ကာ နံပြားကို စားရလွယ်အောင် ကတ်ကြေးနဲ့ညှပ်ပြီး လင်ဗန်းထဲထည့်လိုက်သည်။
" ဘာလိုဦးမလဲ ''
လက်သုတ်ပုဝါပါ မမေ့မလျော့ထည့်ပြီးမှ အပေါ်တက်ခဲ့လိုက်သည်။ ပိုးဟပ်ဖြူ ဗိုက်ဆာနေတော့မည် ထင်သည်။
.
.
YOU ARE READING
မခွဲအတူ
Teen Fictionငယ်ငယ်ကတည်းက ရင့်ကျက်ပြီး အတန်းခေါင်းဆောင်အမြဲလုပ်ရတဲ့ ကောင်လေး ကျော်နေမင်း ခြူခြာလွန်းလို့ ကျော်နေမင်းက ပိုးဟပ်ဖြူလို့ နာမည်ပေးခံရတဲ့ ကောင်မလေး နေခြည်ထွန်း