Uni
.
.ပစ္စည်းတွေရောက်တဲ့နေမို့ နေခြည် စာရင်းစစ်ကာ ပစ္စည်းရောက်ကြောင်း လိုက်ပြောသည်။
" ဆွဲကြိုးလေးရယ် ဒါလေးတွေရယ်က နေဦး... ဪ တွေ့ပြီ BFF ဆိုတဲ့အကောင့်က ''
နာမည် လိပ်စာ ဘာမှပေးမထားတာမို့ ပစ္စည်းရောက်ပြီဖြစ်ကြောင်း စာပဲ ပို့ထားလိုက်သည်။ တခြားပစ္စည်းတွေ စာရင်းလုပ်ပြီးတော့ ဇာတ်ကားထိုင်ကြည့်နေလိုက်၏။
" ဟဲ့ ကောင်မလေး ကျောင်းပြန် အဝတ်အစားကြီးလဲလေ။ ရေလေးမိုးလေးချိုး ''
မမပြန်ရောက်လာသည်အထိ နေခြည် ဇာတ်ကားကြည့်နေတာ မပြီးသေးပေ။
" ဒါလေးကြည့်ပြီးမှပဲ လုပ်လိုက်တော့မယ် မမ ''
.
.ကျော်နေမင်း လိုင်းပေါ်တက်ကာ ပိုးဟပ်ဖြူနဲ့စကားပြောထားတဲ့ သူ့အကောင့်တုထဲ ဝင်ကြည့်တော့ စာပို့ထားတာမို့ ဝမ်းသာသွားသည်။
' မှာထားတာလေးတွေ ရောက်ပါပြီရှင့်။ နာမည် ဖုန်းနံပါတ် လိပ်စာလေးပြောပေးပါနော်။ ကားတင်ပေးပါ့မယ် '
ဖုန်းနံပါတ်ပါ ပေးရမှာမို့ သူအကြံအိုက်သွားသည်။
" အသစ်ဝယ်လိုက်တာ အေးပါတယ် ''
ဆင်းကတ်အသစ်ဝယ်ပြီး နာမည်ပါလိမ်ပြောပြီး မုံရွာကားဂိတ်ကိုပဲ ပို့ခိုင်းထားလိုက်သည်။
ဆိုင်ကယ်လေး သုံးလေးစီးအစွံထုတ်ပေးပြီးသွားတော့ သူ့ကို လူသိလာကြပြီဖြစ်သည်။ သူငယ်ချင်းတွေထဲက ဆိုင်ကယ်ဝယ်ချင်တဲ့သူရှိရင် ကျော်နေမင်းကို သတိရပေးကြ၏။
.
.ကားဂိတ်က ဖုန်းဆက်တာမို့ ကျော်နေမင်း ပစ္စည်းသွားယူတော့ ပိုးဟပ်ဖြူဆီက ဝယ်ထားတာတွေဖြစ်သည်။ ဆွဲကြိုးလေးနှစ်ကုံးက တော်တော်လေးလှသည်။ သူ့ဓာတ်ပုံနဲ့ ပိုးဟပ်ဖြူဓာတ်ပုံကို လှတာလေးတွေရွေးပြီး ဆိုင်ကိုသွားကာ လော့ကတ်ထဲထည့်လို့ရမယ့် ဆိုဒ်လေးတွေပုံထုတ်ခိုင်းလိုက်ပြီး ထည့်ထားလိုက်သည်။
ဗယ်လင်တိုင်းဒေး အတွက် ဆင်တူအင်္ကျီတွေရောင်းတော့လည်း အကောင့်တုနဲ့ သွားဝယ်ထား၏။ အကောင့်တုမှာ စျေးဝယ်ရင်း ပိုးဟပ်ဖြူနဲ့တော်တော်ခင်နေတာမို့ ဘလော့ခံထားရတာတွေနဲ့ မဆက်သွယ်ဖြစ်တော့ပေ။
.
.
YOU ARE READING
မခွဲအတူ
Teen Fictionငယ်ငယ်ကတည်းက ရင့်ကျက်ပြီး အတန်းခေါင်းဆောင်အမြဲလုပ်ရတဲ့ ကောင်လေး ကျော်နေမင်း ခြူခြာလွန်းလို့ ကျော်နေမင်းက ပိုးဟပ်ဖြူလို့ နာမည်ပေးခံရတဲ့ ကောင်မလေး နေခြည်ထွန်း