အပိုင်း - ၄၈

3.6K 208 19
                                    

Uni
.
.

ဆရာဝန်ပြန်သွားတော့ ကျော်က အနားနားကပ်ကာ ဆူပူနေတော့သည်။

" ကြိုသိလို့​ပြောတာကို နားမထောင်ဘူး။ တော်သေးတာပေါ့ မောင် ဒီနေ့ကျောင်းနားလိုက်လို့။ အလုပ်လုပ်ရင် မပေနဲ့ ဂရုစိုက်လို့ အမြဲတမ်းသတိပေးနေရဲ့သားနဲ့ ''

ခေါင်းမူးနေတာမို့ လှုပ်မရဘဲ ဘေးနားမှာဆူပူသမျှ နားထောင်နေရလေသည်။ အဆက်မပြတ်ပြောနေတော့လည်း ဝမ်းနည်းကာ ငိုချင်လာ၏။

" လာ.... ဒါလေးစား ''

ဆူပူပြီးမှ စွတ်ပြုတ်တစ်ဇွန်းလာခွံ့တော့ မသောက်ဘဲနေလိုက်၏။

" ကြည့်... ဒီလောက်ဖြစ်နေတာကို ပေနေတုန်း ''

" ဟင့်.....''

" ဟာ... မငိုနဲ့လေ။ မငေါက်တော့ဘူး ဆောရီး ဆောရီး။ မောင် စိတ်ပူသွားလို့ ''

" အင့်... ''

မျက်လုံးမှိတ်ကာ မျက်ရည်တွေပဲကျနေတဲ့ ပိုးဟပ်ဖြူကို ကြည့်ပြီး ကျော်နေမင်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားရသည်။ ဆွဲထူပွေ့လိုက်ချင်ပေမယ့် ဆရာဝန်က ခေါင်းမူးမပျောက်မချင်း ငြိမ်ငြိမ်လေးထားဖို့ ပြောသွားလေသည်။

" တိတ်... တိတ် မောင် နောက်ထပ်မဆူတော့ဘူး။ ''

ကုတင်ပေါ်တက်ကာ ပိုးဟပ်ဖြူဘေးနားအသာလှဲချပြီး နဖူးလေးကိုပွတ်ပြီးချော့ရသည်။

" နင် အစကတည်းက မငေါက်နဲ့လေ။ ငါ နေမကောင်းနေတာမြင်ရဲ့သားနဲ့။ ငါ့ကိုဆို အမြဲတမ်း ပြောချင်ဆိုချင်နေတာ ''

ဘုရားရေ.... သူ ဘယ်တုန်းက ပိုးဟပ်ဖြူကို ပြောမိဆိုမိပါလိမ့်။ လေသံသဲ့သဲ့လေးသာ ထွက်နိုင်ပေမယ့် သူ့ကို ရန်တွေ့ဖို့တော့ မပျက်မကွက်ပင်။

" အေးပါ။ မောင် မှားသွားပါတယ် ''

" ပြောပုံကိုက ''

" နွေးတုန်း စားလိုက်နော် မိန်းမ။ ဗိုက်ဟာရင် ပိုမူးလိမ့်မယ်။ ဆေးလေးသောက်ရဦးမယ်လေ ''

သူပြောတာကို နားမထောင်ချင်သလို နှုတ်ခမ်းကိုဆူကာ မျက်လုံးတွေကိုမှိတ်ထားလေသည်။

မခွဲအတူWhere stories live. Discover now