Uni
.
.မမဇင်မီကို ကိုထွန်းလင်းဆိုင်မှာ ထားခဲ့ပြီး ပြန်လာတဲ့ လမ်းတောက်လျှောက် ကျော်နေမင်း စကားတစ်လုံးမှ မပြောတော့ပေ။ ဘာရယ်မဟုတ် ရိုက်ခံလိုက်ရတာကို စိတ်ထဲဝမ်းနည်းမိသွားတာမို့ ပိုးဟပ်ဖြူချော့တာ ခံချင်နေမိ၏။ သူကသာ အချော့ခံချင်နေပေမယ့် ပိုးဟပ်ဖြူကတော့ ချော့မယ့်ပုံစံလုံးဝမရှိ။ လက်တွဲဖြုတ်ပြီး ရှေ့ကသွားနှင့်တာကိုပင် လိုက်မလာတာမို့ စိတ်ပူကာ ပြန်သွားခေါ်ရသည်။ စိတ်ကောက်တာက ကောက်တာပေမယ့် မိန်းမကို စိတ်ပူတာက စိတ်ပူတာပဲလေ။
သူကစကားမပြောတော့ ပိုးဟပ်ဖြူကလည်း အိမ်ရောက်တဲ့ထိစကားမပြောဘဲ လုပ်စရာရှိတာ လုပ်နေလေသည်။ ပစ္စည်းစာရင်းစစ်ထားတာတွေကို သေချာသိမ်းဆည်းနေပြီး အထုတ်တွေ မနိုင်မနင်း မ တာမို့ ဝင်ကူပေးရ၏။ ဒါတောင် သူ့ကို စကားလုံးဝမပြော။ အထုတ်တွေရွှေ့ပြီးတော့မှ ခုံပေါ်မှာ ထိုင်ကာ နဂါးမောက်သီးဖျော်ရည်ကို သောက်လေ၏။
" နင် ဗိုက်ဆာသေးလား။ ဟင်းတွေတော့ အများကြီးရှိသေးတယ် ''
စိတ်ကောက်နေတာကိုတော့ မချော့ဘဲ ထမင်းစားဖို့ကို ခပ်ပြတ်ပြတ်လေသံနဲ့ လာမေးတာမို့ ကျော်နေမင်း ခေါင်းခါလိုက်သည်။
" မဆာလည်း ပြီးတာပဲ ''
အိပ်ခန်းထဲ တောက်လျှောက်ဝင်သွားကာ အိပ်ယာပေါ်လှဲပြီး ဖုန်းသုံးနေလေသည်။ သူ့ကို လှည့်လည်းမကြည့် စကားလည်းမပြော။ သူကလည်း အားကျမခံ ဖုန်းကြည့်နေပေမယ့် စိတ်က ပိုးဟပ်ဖြူဆီသာ ရောက်နေကာ လှည့်လှည့်ကြည့်မိနေသည်။ နေနိုင်လွန်းတဲ့ ကလေးမကတော့ ဖုန်းထဲမှာသာ အာရုံအပြည့်ရောက်နေလေသည်။
ဟိုလှိမ့် သည်လှိမ့်လုပ်နေရင်း နာရီဝက်လောက်နေတော့ အိမ်ရှေ့မှာ ကားသံကြားလိုက်ပြီး မမ ပြန်လာလေသည်။
" မမ ပြန်လာပြီလား ''
" အမလေး... လန့်တာ။ ပြန်ရောက်ပြီးရင်လည်း ဖုန်းလေးဘာလေးဆက်မှပေါ့ဟယ် ''
" မီးတွေ ဖွင့်ထားတယ်လေ မမရဲ့ ''
ကိုယ့်ကိစ္စနဲ့ကိုယ် ရင်တုန်လာတာမို့ အိမ်မီးတွေဖွင့်ထားတာကို ဇင်မီ သတိမထားလိုက်မိ။ ရင်ခုန်တာရော တုန်လှုပ်တာပါ ပေါင်းဆုံနေပေမယ့် ကလေးတွေရှေ့မှာ မသိသာအောင် ပုံမှန်အတိုင်း ဟန်ဆောင်နေလိုက်သည်။
YOU ARE READING
မခွဲအတူ
Teen Fictionငယ်ငယ်ကတည်းက ရင့်ကျက်ပြီး အတန်းခေါင်းဆောင်အမြဲလုပ်ရတဲ့ ကောင်လေး ကျော်နေမင်း ခြူခြာလွန်းလို့ ကျော်နေမင်းက ပိုးဟပ်ဖြူလို့ နာမည်ပေးခံရတဲ့ ကောင်မလေး နေခြည်ထွန်း