အပိုင်း[၁၇]

2.6K 180 9
                                    

ကိုကို့ပုံစံဟာ တစ်ခုခုကိုလေးလေးနက်နက်စဉ်းစားနေဟန်ရှိ၏။တစ်ခုခုကိုပြောချင်နေပုံရသည်။

"ကိုကို တစ်ခုခုပြောစရာရှိနေလား"

"ကိုကို သူ့ကိုလမ်းခွဲတော့မလို့"

ကိုကိုစဉ်းစားနေတာ ထိုအကြောင်းတဲ့လား။ကိုကို့ပုံစံဟာ မမနဲ့လမ်းခွဲရမှာကိုဘာမှအပင်ပင်မရှိတဲ့ပုံစံဖြစ်နေသည်။တကယ့်ကိုနည်းနည်းလေးမှမျက်နှာမပျက်ပါ။မမကိုလမ်းခွဲရမှာကိုနည်းနည်းလေးမှနောင်တရတဲ့ပုံရှိမနေပါ။

"တကယ်လားကိုကို"

"တကယ်ပါ ချာတိတ်..မနက်ဖြန်ကျရင်သူနဲ့သေချာတွေ့ပြီး တောင်းပန်လိုက်မယ်..ပြီးတော့ ကိုကို့မှာချစ်သူရှိနေတဲ့အကြောင်းလည်းပြောလိုက်မယ်"

"ကိုကို့ချစ်သူကလမင်းဆိုတာကိုတော့ မသိစေနဲ့နော်ကိုကို"

မမသိလို့လုံးဝမဖြစ်ပါ။မမသိရင် ကိုယ့်ကိုမုန်းမှာ။မမ မုန်းတာမခံနိုင်ပါ။

"အင်းပါ..ကိုကိုမပြောပါဘူး
ဒါနဲ့ချာတိတ်ကဘာလို့မသိစေချင်တာလဲ"

"သူကလမင်းတို့အခန်းမှာစာသင်တဲ့ဆရာမလေ..လမင်းကိုလည်းသူသိချင်သိနေမှာ"

"ဪ..တိုက်ဆိုင်လိုက်တာကွာ"

ဒီထက်တိုင်ဆိုင်တာတွေရှိပါသေးတယ်ကိုကိုရယ်။ကိုကို ဘယ်တော့မှမသိပါစေနဲ့။

"ကိုကိုက သူ့ကိုမချစ်ခဲ့ဘူးလားဟင်"

တကယ်သိချင်၍မေးလိုက်ခြင်းပါ။မမကိုမချစ်ခဲ့ဘူးဆိုတာတော့ မယုံနိုင်ပါ။

"အစကတော့ချစ်တယ်လို့ထင်ခဲ့တယ်..ဒါပေမဲ့ချာတိတ်နဲ့တွေ့တော့ချာတိတ်လောက်သူ့ကိုမချစ်မှန်းသိလာတယ်...အစကတည်းက သူ့ကိုမချစ်ခဲ့တာလည်းဖြစ်ချင်ဖြစ်နိုင်ပါတယ်"

မိမိကိုရွှန်းရွှန်းစားစားကြည့်နေတဲ့ကိုကို့ကိုငေးကြည့်ရုံကလွှဲပြီးဘာမှမတတ်နိုင်ခဲ့ပါ။စိတ်ထဲမှာလည်းအနည်းငယ်သက်သာလာသလိုခံစားရ၏။ကိုယ်က ချစ်သူနှစ်ယောက်ကြားမှာဗီလိန်လုပ်နေပေမဲ့ စိတ်မလုံခဲ့ဘူး။အခုလို ကိုကို့ဘက်ကမမကိုမချစ်ခဲ့ဘူးဆိုတာသိရတဲ့အတွက် မိမိအနေနဲ့ဖြေသာပါသေးရဲ့။အနည်းဆုံးတော့ကိုယ်က သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦးကိုခွဲလိုက်တာ မဟုတ်ဘူးမလား။တကယ်လို့  ကိုကိုသာမမကိုတကယ်မချစ်ဘူးဆိုရင်၊ကိုယ်ကလည်းကိုကိုနဲ့မတွေ့ဖြစ်ခဲ့ကြဘူးဆိုရင်  ကိုယ်မဟုတ်တဲ့အခြားချစ်စရာကောင်မလေးတစ်ယောက်ကိုချစ်ရင်ချစ်မိမှာပဲလေ။ကိုကိုသာမမကိုချစ်ရင် နောက်ထပ်တစ်ယောက်ဆိုတာရှိလာမှာလည်းမဟုတ်ဘူးမလား။

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now