အပိုင်း[၁၈]

2.8K 183 9
                                    

စိတ်တွေလေးလံနေခဲ့တာ ထိုနေ့တွေ
ကတည်းကပင်။မှတ်မှတ်ရရဆို မမနဲ့ ကိုကိုလမ်းခွဲသွားပြီးတဲ့နောက်ပိုင်းလောက်က ဆိုရမည်။အရင်လိုသူငယ်ချင်းတွေနဲ့ကန်တင်းကိုပင်မသွားဖြစ်တာအတော်ကြာခဲ့ပြီ။
အခုလည်းသူတို့အတင်းခေါ်လို့သာလိုက်လာခဲ့ရ၏။
ထုံးစံအတိုင်းကောင်လေးသူငယ်ချင်းနှစ်ယောက်ကတော့ သူတို့ရဲ့ဆိုင်ရာဆိုင်ရာချစ်သူတွေနဲ့အတူရှိနေလောက်မည်။

"ငေးငေး ငိုင်ငိုင်နဲ့ဘာဖြစ်နေတာလဲ "

"ဘာမှမဖြစ်ပါဘူး"

"နင် ရည်းစားရနေတာလား"

"မဟုတ်ပါဘူး..ဘယ်ကရည်းစားရမှာလဲ"

"မသိဘူးလေ နင်ကမှအခုတလောငါတို့ကိုဆို အရင်လို စကားမှသိပ်မပြောတော့တာ...ရည်းစားများရသွားလို့များလားလို့ထင်တာပေါ့"

"မဟုတ်ပါဘူး..ငါစိတ်မကြည်လို့ပါ..စိတ်မကြည်တာကလည်းအခြားကိစ္စပါ"

သူငယ်ချင်းနှစ်ယောက်ကအခြားသူတွေလိုစပ်စပ်စုစုမရှိတဲ့သူ‌ေတွမို့တော်သေးသည်။သူတို့သာစပ်စုရင် ကိုကိုနဲ့တွဲနေတာတစ်နည်းနည်းနဲ့သိပြီးနိုင်သည်။

"ဪ..သက်ထား နင်မနေ့က အတန်းမတက်တဲ့စာတွေကူးပေးထားတဲ့စာအုပ်ပါလာတယ်နော်"

"အေးအေး..ကျေးဇူးသူငယ်ချင်း"

စကားလမ်းကြောင်းလွှဲလိုက်မိသည်
သူတို့ကမစစ်စုပေမဲ့ ဆက်မေးလာလျှင်လည်းမဖြေချင်ပါ။

"မုန့်တီက ပေါ့တယ်နော်"

"ဟုတ်ပါ့.... ဆိုင်ရှင်လက်ရာပြောင်းသွားတာလား"

သူတို့နှစ်ယောက်ပြောမှ ပန်းကန်ထဲကမုန့်တီသုပ်ကိုအရသာခံမိသည်။ပန်းကန်ကဖြင့်တစ်ဝက်ကျိုးနေပြီ။အပေါ့မစားတဲ့ကိုယ်က ဒီနေ့သိသိသာသာ အရသာပေါ့နေသည်ကိုတော့ သတိပင်မထားမိလိုက်ပါ။

"လမင်း နင်တီချယ်နဲ့စကားပြောဖြစ်သေးလား"

"အွန်း"

သူတို့လည်းမမကိစ္စကို သိပြီးကြပြီးဖြစ်သလို မမအလုပ်ထွက်သွားတာကိုလည်းသိကြသည်။ အလုပ်ထွက်တဲ့ကိစ္စကတော့ကိုယ်ကပြောပြလိုက်ခြင်းပါ။

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now