အပိုင်း-၁၀
"မနက်က ဘာလို့ မနက်စား လာမစားတာလဲ။"
ရုံးသွားဖို့ ကားနားဆီလာကာ တံခါးဖွင့်နေစဉ်မှာပင် ရေးရီ နောက်ပါးဆီက အသံထွက်ပေါ်လာသည်။လှည့်ကြည့်လိုက်တော့ အပေါ်က အနက်ရောင်ရှပ်ကို နံ့သာရောင်ကုတ်နှင့် အောက်က စတိုင်ပန်အနက်နှင့် တွဲဝတ်ထားသည့် သမ္ဘာက ကြည်လင် ရွှင်ပြစွာ ကြည့်နေသည်။
"မစားချင်လို့လေ"
တကယ်တမ်း ရေးရီ မနက်ကတည်းက ရင်ပြည့်ချင်သလို ဖြစ်နေပြီး အစား လုံးဝမစားချင်နေတာဖြစ်သည်။ရုံးရောက်ကာမှ တစ်ခုခု စားချင်စိတ်ရှိလျှင် ဝယ်စားလိုက်မည်ဟု တွေးထားခဲ့ခြင်း။
"ရုံးရောက်မှဝယ်စားမှာလား"
သမ္ဘာက သူ့အတွေးကို သိနေသည့်အလား တစ်ထစ်ချပြောလာခဲ့သည်။
"ပြောချင်တာရှိလို့လား"
"အင်း.. ကိုယ့်ကား မနေ့က ဝပ်ရှော့ပို့ထားလို့လေ။ အဲ့ဒါ မင်းနဲ့လိုက်ခဲ့မလို့။ကိုယ့်ကို ဟိုတယ်ပို့ပေးပါဦး"
ဂိုထောင်ထဲတွင် ထပ်မံရှိနေသေးသည့် ကားတွေက ဘာလုပ်ဖို့လဲလို့ ရေးရီ မေးမနေ။ သူက ကားမောင်းသူဘက်ကပဲ ဝင်ထိုင်လိုက်ချိန်တွင် သမ္ဘာကတစ်ဖက်ခြမ်းကနေ ရှေ့ခန်းထဲ ဝင်ထိုင်လာသည်။ရေးရီ၏ကားလေးက ခြံဝန်းကျယ်ထဲက သာသာလေးစတင်လှိမ့်ထွက်လာသည်။
"ကိုယ့်မှာ အကြာကြီး လိပ်ခဲတည်းလည်း ဖြစ်နေခဲ့တဲ့ ကိစ္စတစ်ခုရှိတယ်။"
စကားအဆက်အစပ်မရှိ ပြောလာတော့ ရေးရီ ကားမောင်းနေရင်းဖြင့် သူ့ဘက် တစ်ချက်ငဲ့ကြည့်လိုက်ကာ
"ဘာလဲ."
"ဘယ်လိုဖြေရှင်းရမလဲ မသိလို့ ခုထိ ဒီတိုင်းထားခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ အဖြေတစ်ခုထွက်လာတော့မလိုလည်း ခံစားနေရတာ"
"အိမ်ရာဘက်က Project ကိစ္စလား။ အဲ့ဒါ မင်း ဂျပန်က ပြန်လာပြီးကတည်းက အချိန်အကြာကြီး ကြိုးစားခဲ့တဲ့ဟာလေ။ခု လည်း ရုပ်လုံးပေါ်နေပြီပဲ အဆင်ပြေပါတယ်"
သမ္ဘာက ခပ်တိုးတိုး ရယ်နေသည်။သို့ပေမယ့် ထိုရယ်သံထဲ အမျိုးအမည်ခွဲမရသည့် ခံစားချက်က ပါဝင်နေသည်ကြောင့် ရေးရီ ဘာရယ်နေတာလဲ လို့လည်း အတွန့်မတက်တော့။
![](https://img.wattpad.com/cover/360067258-288-k783587.jpg)
YOU ARE READING
ချစ်အတွက် မနက်ဖြန်
Non-Fictionအချိန်တွေနောက်ပြန်လှည့်လို့ရရင် ငါ မင်းကို နောက်တစ်ကြိမ် ပြန်ချစ်မိမှာလား....