ရုံးခန်းထဲတွင် မနက်စရောက်ကတည်းက အလုပ်များနေသည်မှာ ခေါင်းတောင်မဖော်အား။ ကွန်ပျူတာတွင်မြင်နေရသည့် အဆောက်အဦပုံများ၏ အသေးစိတ်အတိုင်းအတာလေးတွေကတောင် မျက်လုံးထဲတွင် လာရောက်ကခုန်နေကြသလို။
"ငယ်တုန်းက အမေက ပြောတော့ ပညာတတ်ရင် အရိပ်ထဲမှာ အေးဆေးပဲတဲ့။ငါတော့ site ထဲသွားရလွန်းလို့ အသားတောင် မီးသွေးခဲထက်တောင် ပိုလို့မည်းနက်ချင်နေပြီအောက်မေ့ရတယ်။အစကနေပြန်စလို့ရခဲ့ရင် ငါ သေချာပေါက် အင်ဂျင်နီယာ မလုပ်ဘူး"
ဝေဖြိုး၏ ထွက်ပေါ်လာသည့် အသံကြောင့် အခန်းထဲရှိသမျှ လူတွေ အသံထွက်ရယ်မောကြတော့သည်။သူတို့ team က ဒီတစ်ခေါက် project တစ်ခုတာဝန်ယူဆောင်ရွက်ရသဖြင့် အားလုံးက ဒီရက်ပိုင်း အလုပ်က မနည်း။
"ရေးရီ.. မင်းမျက်နှာလည်း ကွန်ပျူတာထဲ ဝင်သွားဦးမယ် လျှော့လုပ်ဦး"
"အေးပါ. ခု ငါ အခုသိမ်းတော့မှာ။နေ့လယ်စာ တစ်ခုခု..."
"ဝေဖြိုးနဲ့ ရေးရီ"
ရေးရီ စကားတောင်မပြတ်သေးခင် အခန်းတံခါးဝကနေ ရုတ်ခြည်းပေါ်လာသည့် မန်နေဂျာအစ်ကို အခန်းထဲထိရောက်ရှိလာသည်။
"မြင့်မိုရ်ဟိုတယ်-၁ကို သွားလိုက်နော်။ ဟိုရောက်ရင် ကိုသမ္ဘာနဲ့ ချိတ်လိုက်။ဟိုတယ်က တိုးချဲ့ချင်တဲ့ အလုပ်ကိစ္စလေးရှိလို့တဲ့"
"ဟုတ်"
နောက်ဆုံး ရေးရီနှင့် ဝေဖြိုးနှစ်ယောက်သား နေ့လယ်စာ မစားဖြစ်သေးဘဲ ဟိုတယ်ဘက်ကို ထွက်လာရတော့သည်။ ကားမောင်း တာတော့ ဝေဖြိုးက သိပ်အကျွမ်းတဝင်မရှိတာမို့ ရေးရီ ရုံးက ကားကို မယူတော့ဘဲ ကိုယ့်ကားနှင့်သာ မောင်းလာလိုက်သည်။ သူ့၏ ကားအဖြူလေးက သူ နှစ်ဆယ်နှစ်မြောက် မွေးနေ့တွင် ဦးဘုန်းမြင့်မိုရ်က လက်ဆောင်ဝယ်ပးခဲ့ခြင်းဖြစ်သည်။
"မင်းငါ့အိမ်ဘက် မလာတာတောင်ကြာပြီ။အားရင် လာလည်ဦးလေ"
"ငါ ဒီရက်ပိုင်း ဘာနဲ့ရှုပ်နေမှန်းကို မသိဘူး။ငါတို့ အေးဆေးမတွေ့ရတာတောင်ကြာပြီ။ တစ်ရက်ဆုံကြမယ်လေ။"
အမှန်တော့ ရေးရီစိတ်တွေက သိပ်မတည်ငြိမ်ချင်သေးသလိုဖြစ်နေတာမို့ အားတာနှင့် အခန်းထဲပဲ ခွေခေါက်ဝင်ကာ ဖြစ်ပျက်ခဲ့သမျှ တွေကို ပြန်လည်စဉ်းစားသုံးသပ်နေခြင်းဖြစ်သည်။ဘယ်အချိန်ကစလို့ သမ္ဘာကို ချစ်နေမိခဲ့မှန်းမသိပေမယ့် ချစ်ကြောင်း မပြောဘဲ ခံစားချက်ကို သိအောင် ပြနေသည့်အဆင့်မှာပင် သူက သမ္ဘာနှင့် စိတ်က ကျွမ်းဝင်ခဲ့တာ။ ချစ်သည့် စကားကို အတိအလင်းပြော သည့်အချိန်တွင်သူနှင့်သမ္ဘာက ကမ္ဘာမှာ အပျော်ဆုံးလူသားတွေများ ဖြစ်ခဲ့ကြလေမလား။ အဲ့ဒီတုန်းကတော့သမ္ဘာ့ အကြည့်တွေ၊ စကားတွေက ဟန်ဆောင်နေတာမဟုတ်ဘဲ ရေးရီကို သိပ်ကိုချစ်မြတ်နိုးသည်ဆိုတာ သူ ခံစားမိခဲ့သည်။ ဒါမှ မဟုတ် သမ္ဘာကပဲ ဟန်ဆောင်ကောင်းခဲ့သလား။
ESTÁS LEYENDO
ချစ်အတွက် မနက်ဖြန်
No Ficciónအချိန်တွေနောက်ပြန်လှည့်လို့ရရင် ငါ မင်းကို နောက်တစ်ကြိမ် ပြန်ချစ်မိမှာလား....