အပိုင်း-၃

7.1K 796 43
                                    

အပိုင်း-၃

"ရပါပြီ မမပိုးရဲ့။ ကျွန်မမှာ ဝတ်စရာတွေများနေပါပြီ"

ဒေါ်ဖူးငုံ ဘယ်လိုပဲ တားတား၊ ဒေါ်ပိုးဥနွယ်က အဝတ်တွေတစ်ခုပြီး တစ်ခုယူလျက် ဒေါ်ဖူးငုံကိုယ်မှာ ကပ်ကပ်ကြည့်နေသည်။

"အို အဝတ်က နေ့တိုင်းဝတ်နေတာပဲကိုး၊ ကြည့်စမ်းပါ ဖူးရယ်၊ဒါလေး ဘယ်လောက်လှလိုက်သလဲ။သဘောကျရဲ့လား"

တားလည်းရမည်မဟုတ်တာကို သိတာမို့ ဒေါ်ဖူးငုံ ပြုံးလျက်သာ ခေါင်းညိတ်ပြလိုက်တော့သည်။ နှစ်ယောက်သားက မနက်စာ စားပြီး သိပ်မကြာခင်မှာပင် အတူ ဈေးဝယ်ထွက်ခဲ့ကြခြင်းပင်။Mall တစ်ခုလုံး မမောနိုင်မပမ်းနိုင်ဖြင့် နှစ်ယောက်သား လည်ပတ် ကြပြီး အားအင်တွေ ကုန်ခမ်းတော့ကာမှ café တစ်ခုထဲ ဝင်ထိုင်လိုက်ရတော့၏။ နဖူးစပ်နားတွင် ချွေးစလေးတွေ သီးနေသည့် ဒေါ်ပိုးဥနွယ်က ပါလာသည့် ပန်ကာအသေးလေးဖြင့် လေအေးခံနေသည်ကို ကြည့်ရင်း ဒေါ်ဖူးငုံပြုံးမိသည်။ ခန္ဓာကိုယ်က အသက် လေးဆယ့်နီးပါးအရွယ်တွင်မှာပင် အချိုးကျကျနနလှပလျက် ခုချိန်ထိ မျက်နှာလေးကပါ လှပပြည့်စုံနေဆဲဖြစ်သည်ကြောင့်လည်း ဦးဘုန်းမြင့်မိုရ်က အချစ်ပိုနေသလားအောက်မေ့ရသည်။ စိတ်သဘောထားကပါ လှပလေသည့်အခါ ဒေါ်ပိုးဥနွယ်သည် မြင့်မိုရ် လုပ်ငန်းမိသားစု၏ အရှင်သခင်မ အဖြစ် ထိုက်တန်လွန်းလှပေသည်။

"ဘာလို့ အဲ့လောက်ကြည့်နေရတာလဲ ဖူးရဲ့"

"မမပိုး လှလွန်းလို့ပါ။သမ္ဘာတောင် အရွယ်ရောက်နေပြီ။ မမက မသိရင် သူ့အစ်မလိုပဲ ထင်ရအောင် သိပ်အရွယ်တင်တာပဲ"

"ဖူးကလည်း သိပ်လှတာပဲကိုး။ အချင်းချင်း မြှောက်မနေပါနဲ့ကွယ်။"

မှာထားသည့်အအေးတွေရောက်လာတော့ နှစ်ယောက်သား စကားစပြတ်သွားသည်။ မောလည်းမောနေတာမို့ စကား မဆက် တော့ဘဲ ဖျော်ရည်အေးအေးလေးကိုသာ အရသာခံသောက်နေမိကြ၏။

တကယ်ဆို ဒေါ်ဖူးငုံရဲ့ အမျိုးသားက ဦးဘုန်းမြင့်မိုရ်၏ညီအရင်းဖြစ်တာမို့ သူနှင့်ဆို ဒေါ်ပိုးဥနွယ်က လင်ညီအစ်မ တော် စပ်သည်။ အမျိုးသားဖြစ်သူဆုံးပါးသွားကတည်းက ဒေါ်ဖူးငုံကို ညီမအရင်းလေးတစ်ယောက်လို ကာကွယ်စောင့်ရှောက်ပေးခဲ့ သလို ဒေါ်ဖူးငုံ၏တူဖြစ်သူ ရေးရီကိုပါ စောင့်ရှောက်ပေးထားတာမို့ ဒေါ်ပိုးဥနွယ်တို့ မိသားစုက သူတို့အတွက် ကျေးဇူးရှင်။ ဒေါ်ဖူးငုံတို့က မချမ်းသာပေ။ သာမန် ဝန်ထမ်းဘဝအဖြစ်ကနေ ဦးဘုန်းမြင့်မိုရ်၏ညီနှင့် ချစ်ကြိုက်မိရာကစ မြင့်မိုရ်ရိပ်မြုံ အမည်ရသည့်အိမ်ကြီးပေါ်ကိုရောက်ခဲ့သည်။အခြေခံမိသားစုကလာပေမယ့် လက်ထပ်ပွဲကို ခမ်းခမ်းနားနားလုပ်ပေးခဲ့ပြီး အဲ့ ကတည်းက ဦးဘုန်းမြင့်မိုရ်ကလည်း ကောင်းသည်ဆိုးသည်မဟသလို ဒေါ်ပိုးဥနွယ် ကလည်း သူ့ကို လှိုက်လှိုက်လှဲလှဲကြိုဆို ပေးခဲ့၏။နောက် လက်ထပ်ပြီး လေးနှစ်လောက်ကြာတော့ ဒေါ်ဖူးငုံ၏ အစ်မဖြစ်သူ လင်မယား ကားအက်ဆီးဒင့်ဖြစ်ကာ ဆုံးပါး သွားခဲ့ချိန်တွင် ကိုးတန်းကျောင်းသား သာရှိသေးသည့် ရေးရီကို ပြုစုစောင့်ရှောက်ခွင့်က ဒေါ်ဖူးငုံပေါ်ကျရောက်လာသည်မို့ အိမ်ကို ခေါ်ခွင့်တောင်းတော့လည်း အားလုံးက အသာတကြည်။ ခုချိန်ထိ သမ္ဘာနှင့် ရံဖန်ရံခါ မတည့်ကြတာရှိသော်ငြား သူကတော့ သမ္ဘာ တစ်ယောက် ရေးရီအပေါ်မှာ သံယောဇဉ်ရှိတာကို ခံစားမိသလို ရေးရီကလည်း သမ္ဘာအပေါ် စိတ်ကောင်းထားတတ်တာကို သိထားတာမို့ ကလေးနှစ်ယောက် ခုအရွယ်ရောက်တဲ့အထိ လုပ်ငန်းခွင်ကိုယ်စီဝင်ကြတဲ့အခါလည်း မည်သည့်ပြဿနာမှ မရှိ။

ချစ်အတွက် မနက်ဖြန်حيث تعيش القصص. اكتشف الآن