အပိုင်း-၁၉

6K 700 32
                                    

"ဘယ်လို.. ဘယ်လိုလုပ် ကိုဘုန်းက ရေးရီကို အဲ့လိုလုပ်ရက်ရတာလဲ"

ဒေါ်ပိုးဥနွယ် မတ်မတ်ပင် မရပ်နိုင်တော့ဘဲ ခုံတန်းလေးတွင် ထိုင်ချလျက် မျက်ရည်ကျတော့သည်။ရေးရီ ဒေါ်ပိုးဥနွယ် လက်ကိုဆွဲလျက် ရေကူးကန်ဘက်က သစ်ခွရုံတွေနား ခေါ်လာခဲ့သည်။သမ္ဘာနှင့် ရေးရီ ချစ်ကြိုက်နေသည့် အကြောင်းကြောင့် ဦးဘုန်းမြင့်မိုရ်သည် ရေးရီအပေါ် ပြုမူသည့် အကြောင်းကို ပြောပြလိုက်သည့်အခါ ဒေါ်ပိုးဥနွယ် မယုံကြည်နိုင် ဖြစ်ရသည်က ဦးဘုန်းမြင့်မိုရ်၏လုပ်ရပ်ကိုဖြစ်သည်။

"ရေး.. ရေးလေး တအားကို ကြောက်လန့်နေခဲ့ရမှာပဲနော်"

သူ့ဘေးနားတွင် လာထိုင်သည့် ရေးရီ လက်ကလေးနှစ်ဖက်ကို ကိုင်လျက် စိတ်မကောင်းစွာဖြင့် ငိုလျက်ဆိုသည်။ ရေးရီကိုယ်တိုင်သည်လည်း မျက်ရည်တွေဖြင့် ခေါင်းခါပြလိုက်ပါသည်။

"ကျွန်တော် ကြောက်တာထက်.. သမ္ဘာက ပိုပြီး စိတ်ခံစားမှု ကြီးမှာပါ။ကျွန်တော်သိနေတယ်ဆိုတာ သမ္ဘာ မသိသေးဘူး။ တောင်းပန်ပါတယ်။ ကျွန်တော်လေ.. ဂရုစိုက်ပြုစုပေးခဲ့တဲ့ အန်တီပိုးတို့ကို ကျေးဇူးကန်းမိသလို ဖြစ်နေမလား မသိပေမယ့် သမ္ဘာ့ကို ကျွန်တော် မငြင်းပယ်နိုင်ဘူး။သူ ချစ်တာကိုလည်း ကျွန်တော် ကောင်းကောင်းသိနေတာမို့ ဒီတိုင်းကြီး မလွှတ်ချလိုက်နိုင်လို့ သမ္ဘာ့ကို ကျွန်တော် လောဘတက်မိပါတယ်"

ရေးရီ ရှိုက်သံသေးသေးလေးထွက်လာတော့ ဒေါ်ပိုးဥနွယ်က ခေါင်းခါယမ်းကာ ရေးရီကို ထွေးပွေ့လာသည်။

"မင်းက ဘာကို‌တောင်းပန်တာလဲ ကလေးရယ်။ မင်း အသက်သေမလိုဖြစ်ခဲ့ရတာလေ။အန်တီ သိခဲ့သင့်တာ။သမ္ဘာ သားကို အစောကတည်း သဘောကျနေမှန်းသိခဲ့သင့်တာပါ"

သမ္ဘာက ရေးရီ ဒီကိုစရောက်လာကတည်းကလည်း ကောင်းသည်ဆိုးသည် ဘာမှမပြောသလို ရေးရီအပေါ်ကိုလည်း မသိမသာ ဂရုစိုက်ပေးတတ်သေးသည်။ဆယ်တန်းနှစ်မှာ ရေးရီ ကန်တော့ခြင်းကြီး မလျက် ပြုံးရယ်နေသည်ကို အဝေး ကနေ လှမ်းရိုက်ထားပုံရသည့် ဓါတ်ပုံကို သမ္ဘာ့ အခန်းထဲက အံဆွဲထဲတွင် သိမ်းထားသည်ကိုမြင်တော့ သိပ်ပြီး ထွေထွေ ထူးထူး မတွေးမိ။ အထက်တန်းကျောင်းချင်းလည်း မတူသည်ကို သမ္ဘာကသက်သက်ကြီး သွားရိုက်နေသေးသည်ဟုသာ ထင်မှတ်မိခဲ့ တာ။နောက်ပိုင်း တက္ကသိုလ်တက်ကတည်းကလည်း ကောင်မလေးတွေ ထည်လဲတွဲ. ခု လုပ်ငန်းခွင်ဝင်သည့် အထိတောင် အတွဲမပြတ်သည်မို့ ဒေါ်ပိုးဥနွယ် ခေါင်းထဲ စဉ်းစားစရာ များများစားစားမရှိခဲ့။

ချစ်အတွက် မနက်ဖြန်Donde viven las historias. Descúbrelo ahora