"ဟေ့... တက္ကစီခ မပေးရသေးဘူးလေ..!"
ကားပေါ်က ဆင်းဆင်းခြင်း အဆောတလျင်ပြေးထွက်မိမလို့မှာပင် ကားမောင်းသူဦးလေးကြီးလှမ်းအော်သည့် အသံကြောင့် သူ နောက်ပြန်လှည့်ကာ လွယ်ထားသည့် သားရေအိတ်သေးလေးထဲက ကျသင့်ငွေကို ထုတ်ပေးလိုက်ရသည်။ဂျင်းဘောင်းဘီ ပွပွ၊တီရှပ် ပွပွနှင့် ဆံပင်တောင် သေချာမဖြီးသင်ထားနိုင်သည့် သူ့ပုံစံက တကယ်ကို ဗရုတ်သုတ်ခနှင့် တကယ့်အပူသည်ရုပ်နှယ်။
သူ့ရှေ့မှာက ကြီးမားခန့်ထည်လှသည့် အပြင်အဆင်တွေနှင့် မြင့်မိုရ်ဟိုတယ်ဟု အမည်ရသည့် လေးထပ်တိုက် ဟိုတယ်ကြီး။ ဟိုတယ်ဝင်းထဲတွင် ကားကြီးကားငယ် အသွယ်သွယ်ဖြင့် စည်ကားနေသည်မှာလည်း မြင့်မိုမိသားစု၏ကျော်ဇောမှုကို ပြနေသည့်အလား။ ဆင်ဝင်ကနေ တောက်လျှောက်ဝင်လာရင်း သူ ဖုန်းဖွင့်ခေါ်သည်။
"ကိုလွင်.. ကျွန်တော် သူ့ကို ဖုန်းခေါ်လို့မရလို့.. ခု သူ ဘယ်မှာလဲ"
"ဟို.. သူ"
"သမ္ဘာမြင့်မိုရ် .. ခု ဘယ်မှာလဲလို့ ကိုလွင်။ ခု ကျွန်တော့်စိတ်ပုံမှန်မဟုတ်တာ ကိုလွင် ကောင်းကောင်းသိပါတယ်"
တစ်ဖက်ကလူကိုလည်း သူ အားမနာနိုင်တော့။ အသံကျယ်သွားသည်မို့ တချို့ဧည့်သည်တချို့က ကွက်ကြည့်ကွက်ကြည့်လုပ်လာ ပေမယ့် သူဂရုမစိုက်အား။ ဟိုတယ် အောက်ထပ်မှာပင် ရှိသည့် ခန်းမကြီးက ဒိတ်ဒိတ်ကြဲမင်္ဂလာပွဲတစ်ခုကို ကျင်းပတော့ မှာဖြစ်သည်ကြောင့် နေရာတိုင်းက အလှဆင်ပန်းတွေနှင့် ခမ်းခမ်းနားနား။လူတွေကလည်း ဝတ်ကောင်းစားလှတွေနှင့် သွားလာနေကြသည်မှာလည်းများပြားလှပေသည်။နောက်ဆုံးတော့ ကိုလွင်က သက်ပြင်းချကာ ပြောလာသည့် အခန်းနံပါတ် တစ်ခုကို မှတ်သားပြီးနောက် သူ ဓါတ်လှေကား ကနေတစ်ဆင့် တက်လာခဲ့သည်။ စိတ်လှုပ်ရှားနေသည်မှာ အတိုင်းအဆမဲ့မလို့ စိတ်ကိုအတတ်နိုင်ဆုံးတည်ငြိမ်အောင်ထိန်းကာ အခန်းနံပါတ်တစ်ခုရှေ့မှာ သူရပ်လိုက်သည်။ တံခါးခေါက်လိုက်ပြီး တစ်ခဏအတွင်းမှာပင် အခန်းတံခါးပွင့်လာသည်။
"ဘာကိစ္စရှိလို့လဲနော်.."
စူးစမ်းသလိုမေးလာသည့် အလှဖန်တီးသူကို တွန်းတိုက်လျက် သူ အခန်းထဲထိ ဝင်လာခဲ့သည်။
CZYTASZ
ချစ်အတွက် မနက်ဖြန်
Literatura Faktuအချိန်တွေနောက်ပြန်လှည့်လို့ရရင် ငါ မင်းကို နောက်တစ်ကြိမ် ပြန်ချစ်မိမှာလား....