အပိုင်း-၁၅

7.7K 794 54
                                    

အပိုင်း-၁၅

ပိတ်ရက်၏ နေ့လည်စာ ထမင်းဝိုင်းက အခါတိုင်းထက် ဟင်းပွဲတွေများပြားကာ စုံလင်လှသလို ထမင်းဝိုင်းတွင် ထိုင်နေသည့် သူများကလည်း အားလုံး ပြုံးပြုံးရွှင်ရွှင်။သမ္ဘာနှင့် ရေးရီမှလွဲ၍။

" ကိုအောင်ခင် ထည့်စားဗျာ.. အားမနာနဲ့နော်။ သမီး ကြည့်လဲ့လည်း ထည့်စားနော်။ "

"ဟုတ်ကဲ့"

ကြည်လဲ့ဆိုသည့် မိန်းကလေးသည် မြင်လိုက်သည်နှင့် နောက်တစ်ဖန် လှည့်ကြည့်ချင်လောက်အောင်လှသည်။ ရင်ညွန့်နားတွင် မှေးတင်နေသည့် ဆံနွယ်ခွေလိပ်လိပ်ကလေးတွေရယ်..ပြုံးပြလိုက်တိုင်း ချိုင့်ဝင်သွားသည့် ပါးချိုင့်ခွက်လေးတွေရယ်နှင့် ခန္ဓာကိုယ်ခပ်လှလှ အရပ်မနိမ့်အမြင့်ပုံစံက အရင်ချိန်တွေတုန်းက ရေးရီ မြင်ဖူးခဲ့သည့်အတိုင်းပင်ဖြစ်သည်။

"ဘာကြိုက်တတ်မှန်းမသိတော့ ကျွန်မကတော့ စုံနေအောင်လို့ စီစဉ်ထားလိုက်တယ်ရှင်.. လက်ရာကတော့ ဒီက ဖူးတို့ပေါ့.. ကျွန်မက အပေါ်ယံနှမ်းဖြူးလေး.. အဟင်း ဟင်း.."

ဒေါ်ပိုးဥနွယ်၏အသံသာသာလေးကလည်း ထမင်းစားဝိုင်းကို ပိုလို့စိုပြည်စေတော့ ဦးဘုန်းမြင့်မိုရ်မျက်နှာတွင် အပြုံးတို့က ခိုတွဲလျက်။

"သမ္ဘာ.. ကြည်လဲ့ကို ဟင်းလေးတွေထည့်ပေးဦးလေ"

လာပါပြီ။ ဟိုးရှေးရှေးတုန်းကလို အကွက်မျိုးတွေ။ သာမန်မိတ်ဆွေတွေ့ဆုံပွဲဟုပဲ ထင်မှတ်ထားမိသည့် သမ္ဘာသည် နေ့လယ် မိန်းကလေးနှင့် ဖခင်ရောက်လာမှ ပုံမှန်မဟုတ်ဘူးဆိုတာ သတိထားမိတော့သည်။သူ စိတ်ရှုပ်ပါသည်။ ရေးရီ ကြည်ဖြူအောင် ခင်းထားရသည့် လမ်းကလေးတောင် မဖြောင့်ဖြူးသေးခင် အနှောင့်အယှက်တွေက လာပြီ။

"ကြည့်လဲခင် ထည့်စားနော်. ကျွန်တော်ထည့်ပေးရင် မကြိုက်တာဖြစ်နေမှာစိုးလို့"

ဦးဘုန်းမြင့်မိုရ် မျက်နှာ တစ်ချက်တင်းသွားပေမယ့် ကြည်လဲ့က ပြုံးသည်။

"ဟုတ်တယ်။ ကြည်လဲ့ ကိုယ့်ဘာသာပဲ ထည့်စားပါ့မယ်"

သမ္ဘာက အပြုံးတစ်ချက်သာ ပေးလျက် ထမင်းဆက်စားသည်။ ရေးရီ နှင့်မမီသည့် ရေးရီ ကြိုက်တတ်တာလေးတွေကို လှမ်းထည့်ပေးတော့ လက်ခံယူရရင်း ရေးရီ လူကြီးတွေမျက်နှာ မသိမသာ ကြည့်ရသေး၏။

ချစ်အတွက် မနက်ဖြန်Where stories live. Discover now