အပိုင်း-၁၆

6.2K 693 33
                                    


ကောင်တာကနေ ဗန်းလေးကိုင်လျက် ပြန်လှည့်လာတော့ ထိုင်နေခဲ့ကြသည့် နှစ်ယောက်သားက သဘောတကျရယ်မောနေလေ တော့ သဝန်တိုရမည့်သူမှာ သမ္ဘာပင် ဖြစ်နေလေပြီ။

"တော်တော်သဘောကျနေတာပေါ့"

ရေးရီအတွက် အရင် choco milkshake လေးချပေးပြီး ကြည်လဲ့အတွက် စတော်ဘယ်ရီတစ်ခွက်ချပေးလိုက်ကာ သူပါ ဝင်ထိုင်လိုက်သည်။ သူ့အတွက်ကတော့ ကော်ဖီခါးခါးတစ်ခွက်။

"အမှန်အတိုင်းပြောရရင်လေ ယုံကိုမယုံနိုင်ခဲ့ဘူးသိလား။ ညက တစ်ညလုံး စဉ်းစားလိုက်ရတယ်။မိန်းကလေးရည်းစားတွေ အများကြီးတွဲပြီး လုံးဝ straight စစ်စစ်ကြီးကလေ ယောကျာ်းလေး ရည်းစားရှိနေတာကို"

သဘောကျစွာပြောနေရင်း ကြည်လဲ့ ကရယ်သည်။ ဖက်ဖူးစိမ်းရောင်ဂါဝန်ရှည်လေးဖြင့် ကြည်လဲ့က သစ်တောစိမ်းလေးသဖွယ်။ ကြည်လဲ့က ဒီလိုချစ်ခြင်းမေတ္တာကို ထောက်ခံအားပေးတဲ့သူတစ်ယောက်ဖြစ်နေမည်ဆိုတာ သူတို့လည်း ယောင်လို့တောင် မတွေးမိခဲ့။

"ပြောပြပါဦး.. ဘယ်သူက အရင်စကြိုက်တာလဲ"

"ကျွန်တော်ကပါ"

မဆိုင်းမတွပင် သမ္ဘာက ဝန်ခံလိုက်တော့ ရေးရီ သူ့ကို လှည့်ကြည့်လိုက်မိသည်။သမ္ဘာက ခပ်ပြုံးပြုံးဖြင့် သူ့ကိုလည်း ကြည့်လာသေးကာ

"ကျွန်တော်လည်း မသိဘူး။ကိုယ်တိုင်တောင် သေချာမသိလိုက်ခင်မှာပဲ ရေးကို သိပ်ချစ်နေမိပြီ"

"သမ္ဘာ"

စေ့စပ်ကြောင်းလမ်းပေးဖို့ ရည်ရွယ်ထားခြင်းခံရသည့် မိန်းကလေးရှေ့တွင်တော့ အားနာစရာအနည်းငယ်ကောင်းသည် ဟု ခံစားမိသည်မို့ ရေးရီ ဟန့်တားလိုက်မိသည်။

"ပြောပါစေ ရေးရီကလည်း။ . ကြည်လဲ့ အပြင်က အသိတွေထဲ တစ်တွဲ နှစ်တွဲတော့ရှိပေမယ့် ခုလို ရိုရိုချိုချိုလေးက ခုမှ သေချာမြင်ဖူးတာ"

ကြည်လဲ့က အမှန်ပင်သဘောတကျနှင့် သမ္ဘာ ပြောသမျှကို နားထောင်ချင်နေသေးသည့်နှယ်။ကြည်လဲ့က အပြင်တွင် သီးသန့်တွေ့ချင်သည်ဟု ဖုန်းဆက်လာချိန်တွင် ဦးဘုန်းမြင့်မိုရ်က အနားမှာ ရှိနေသည့်အခိုက်မို့ ကြည်လဲ့ဘက်က ဆက်သွယ်လာသည်ကို သိသည့်အခါ သဘောတကျဖြစ်နေခဲ့၏။သို့ပေမယ့် ကြည်လဲ့က သမ္ဘာ့တစ်ယောက်တည်း မဟုတ်ဘဲ ရေးရီကိုပါ တူတူခေါ်လာပေးခဲ့ဖို့ ပြောတာတော့ ဦးဘုန်းမြင့်မိုရ် မသိလိုက်။

ချစ်အတွက် မနက်ဖြန်Where stories live. Discover now