အပိုင်း-၆
"ရေးရီ မနေ့က ဒီဇိုင်း အတည်ဖြစ်သွားပြီလား"
ရေးရီ ရုံးကိုရောက်လို့ လွယ်လာသည့်ကျောပိုးအိတ်လေး ချပြီးပြီးချင်း ဝေဖြိုးက အနားကပ်လာသည်။မျက်နှာချိုသွေးကာ တဟီးဟီးပုံစံနှင့်မို့ မကြည်ကြည့် ကြည့်ပေးလိုက်၏။ရေကူးကန်ထဲပြုတ်ကျခဲ့တာပဲ အဖတ်တင်ပြီး ဘယ်ဒီဇိုင်းက တည်လိုက်လို့လဲ။ရုံးရောက်မှပဲ mail နှင့်သာ ပို့ပေးလိုက်တော့မည်ဟု စိတ်ကူးထားလိုက်သည်။
"နေမကောင်းဘူးဆို ဒီနေ့ပါ ဆက်ခွင့်ယူလိုက်တာမဟုတ်ဘူး"
"မင်းကလည်းကွာ.. အချင်းချင်းတွေကို မှတ်မထားပါနဲ့ အဟဲ..။အခု ငါကူမယ်လေ"
"တော်ပါပြီ။ ဒီဇိုင်းကပို့ရုံပဲ။ သူ ရွေးပြီးမှ တခြား process တွေစရမှာ။"
ကြည့်တာလည်းမဟုတ်ပါဘဲနှင့် အလကားသက်သက် ရေးရီကို ခိုင်းချင်တာကိုတော့ ပြောမနေတော့။ဖြူနုငယ်နှင့်တွေ့နေတာမို့ ရေးရီကို တမင်ခေါ်ခိုင်းပြီးတော့များ။
"ဟော်.. သူဌေးသား ဖုန်းဆက်နေပြီ"
ရေးရီလက်မှာကိုင်ထားသည့် ဖုန်းလေးက မြည်လာပြီး Screen ပေါ်တွင် သမ္ဘာဟု ပေါ်နေတာမို့ ဝေဖြိုးက ရယ်ပြီးပြောသည်။ ရယ်စရာလည်းမပါဘဲ ရယ်နေသည့် ဝေဖြိုးကျောကို ဗြုန်းခနဲနေအောင် ရိုက်ချပစ်လိုက်ပေးပြီးမှ ဖုန်းကိုင်လိုက်၏။
"ဟိုတယ်လာမှာမလား"
"ငါက ဘာလာလုပ်ရမှာလဲ။ ဒီဇိုင်းက mail နဲ့ပို့ပေးလိုက်မယ်လေ။ ကြည့်ပြီး မကြိုက်တာရှိမှ ပြန်ပြောလိုက်ပါလား။ ငါ ရုံးမှာ အလုပ်လုပ်စရာလေးရှိသေးတယ်"
"ဟော.... ကိုယ်ကလည်း အလုပ်အပ်ထားတာလေ ကုန်ကျစရိတ်တွေ ပေးမှာပါကွာ။"
"တကယ်မအားသေးဘူး။ဝေဖြိုးကိုလွှတ်လိုက်မယ်"
"မင်းပဲလာ..။ ခု မအားရင်လည်း ညနေဘက်လာခဲ့လေ။ ကိုယ် ဟိုတယ်မှာပဲစောင့်နေမယ်"
မရမကကို ဂျီတိုက်နေသည့် သူကို မမြင်ရပေမယ့် ရေးရီ မျက်နှာမှုန်သုန်သုန်။ပြီးမှ ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို သတိရသွားသည်။ မနေ့ညတုန်းက ဖြူနုငယ်က သူ့မွေးနေ့မို့ ညနေစာအတူစားရအောင် message ပို့လာခြင်းကို အမှတ်ရသည်။ ဆောရီးပါ သမ္ဘာ။ ငါက မင်းစိတ်တိုင်းကျ နေလို့ မဖြစ်ဘူးမလား။
STAI LEGGENDO
ချစ်အတွက် မနက်ဖြန်
Saggisticaအချိန်တွေနောက်ပြန်လှည့်လို့ရရင် ငါ မင်းကို နောက်တစ်ကြိမ် ပြန်ချစ်မိမှာလား....