အပိုင်း[၁၉]

3K 199 15
                                    


ရင်တထိတ်ထိတ်နဲ့လှမ်းလာသောခြေလှမ်းများက မမတို့၏အိမ်ထဲသို့ရောက်လာခဲ့၏။ရင်ဆိုင်ဖို့ကိုတော့ အတော်လေးပြင်ဆင်လာခဲ့ရသည်။

"အန်တီ မမ အိမ်ထဲမှာရှိလားဟင်"

"ရှိတယ်သမီး"

"ဟုတ်ကဲ့ မမကသူ့အခန်းထဲမှာလားဟင်"

"ဟုတ်တယ်သမီး"

"ဒါဆို မမဆီသွားလိုက်ဦးမယ်နော်"

မမနဲ့ကိုယ်နဲ့ကြားထဲကပြဿနာတွေသာမမအမေသိရင်တော့အခုလိုမျိုးတွေ့ခွင့်ပေးလိမ့်မည်မဟုတ်ပါ။ဘာမှမသိသေးလို့သာအခုလိုအေးအေးဆေးဆေးပြန်ပြောနေခဲ့တာဖြစ်မည်။

မမရဲ့အခန်းတံခါးကိုခေါက်လိုက်သည်။အသံတော့မပေးခဲ့ပါ။မိမိမှန်းသိရင်မမကဖွင့်ပေးလိမ့်မယ်မဟုတ်ပါ။

"မေမေလား ဝင်ခဲ့လေ သမီးတံခါးပိတ်မထားဘူး"

"ဟင်..မင်း"

မမကသူ့အမေအထင်နဲ့ဝင်ခဲ့ဖို့ပြောပေမဲ့ ဝင်လာတဲ့သူဟာကိုယ်ဖြစ်နေတော့ ချက်ချင်းဒေါသထွက်သွားပုံရ၏။

"မမ"

"ဘာလာလုပ်တာလဲ"

"မမကိုတွေ့ချင်လို့ပါ"

"မင်းအရှက်မရှိဘူးလား...မင်းကိုငါနဲ့မပတ်သက်ဖို့ပြောထားတယ်လေ"

"ဒါတော့မရဘူး.. လမင်းမမနဲ့မပတ်သက်ဘဲမနေနိုင်ဘူး"

"မင်းလိုချင်နေတဲ့ငါ့ရည်းစားကိုမင်းရသွားပြီလေ..နောက်ထပ်ဘာထပ်လိုချင်သေးလို့လဲ"

လိုချင်တာမမကိုပါလို့အော်ပြောလိုက်ချင်မိသည်။

"မမရယ် လမင်းကိုမမုန်းလိုက်ပါနဲ့နော်..လမင်းလေ မမမုန်းမှာကိုအကြောက်ဆုံးပဲ"

"ထွက်သွားစမ်း ငွေလမင်းငယ်...နောက်ကိုတို့အိမ်ကိုမလာစမ်းနဲ့...တို့နဲ့လည်းလာမပတ်သက်နဲ့..တို့အကြောင်းသိပါတယ်...နှစ်ခါမပြောချင်ဘူးနော်"

အခုအချိန်မှာမမကိုချစ်တဲ့အကြောင်းဝန်ခံလိုက်ရင်အခြေအနေတွေပိုဆိုးနိုင်သည်။မမကလည်းကိုယ့်ကိုပိုမုန်းသွားနိုင်သည်။ဒါကြောင့်မို့ မမကိုချစ်နေလို့ဆိုတဲ့အကြောင်းကိုမပြောရဲသေးပါ။

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now