Part - 7

801 88 9
                                    

* ကိုယ့်စိတ်ကူးနဲ့ကိုယ်ရေးသားချင်းသားဖြစ်ပါသည်။ အကယ်၍ အခြားသူများဟာနှင့်တူညီခဲ့ပါက တောင်းပန်ပါတယ်။ *
_____________________________
အေးမြချမ်းမြေ့တဲ့ ဆောင်းရာသီရဲ့ မနက်ခင်းတစ်ခုတွင်........

Mom : Phuwin!!!!!!!! ထတော့ 8နာရီခွဲ‌ေတာ့မယ်! ဈေးသွားမယ်ဆို အမေဘုန်းကြီးကျောင်းကပြန်ရောက်တာနဲ့ တန်းချက်မှာ နော် မြန်မြန်သွားဝယ် 10 နာရီခွဲကြရင် မီးပျက်မှာ မမှီဘဲနေမယ်

Phu : ဝါးးးးးး ဟုတ်ပါပြီအမေရယ် .... အခုချက်ချင်းသွားလိုက်ပါ့မယ်

ပိတ်နေသည့်မျက်လုံးလေးနှစ်ဖက်ကို ပေကလက်ပေကလက်ဖြင့်ဖွင့်ကာ ထလာပြီး ရေချိုးခန်းထဲဝင်‌သွား‌ေသာPhuwin...

Mom : အင်္ကျီလည်း လဲသွားအုန်း စုတ်ပျက်သက်နေရော !! ပြန်ရောက်တာနဲ့ နားပြီးရေချိုးနော် ထမင်းတန်းမစားနဲ့ ရေချိုးပြီးမှစား ကြားလား Phuwin!!

တိတ်ဆိတ်ငြိမ်သက် (...............) ပြန်ဖြေသံမကြားရသဖြင့် Mom : ကြားလား !!!!! Phuwin Tangsakyuen!!!!!!

နာမည်အပြည့်အစုံခေါ်လိုက်တာကြောင့် Phuwin တစ်ယောက်လန့်ဖြန့်ကာ

Phu : ဗျာ...! ဗျာ... ကြားတယ်အမေ ကြားတယ် !!

Mom : အေးကြားရင်ပြီးတာဘဲ အမေသွားတော့မယ်နော်

Phu : ခပ့်မယ့်.....

ဒုန်း💢 ( တံခါးပိတ်သံ )
အမေအခန်းထဲကထွက်သွားတော့ Phuwin တစ်ယောက် ရေးချိုးခန်းထဲ၌ ........

Phu : ဒီလောက်ချောတဲ့ ငါ့ကိုများ စုတ်ပျက်သက်နေတာဘဲတဲ့ ဟင့်အမေဘာမှမသိပါဘူး အမေ ဟင်းချက်ဖို့နဲ့ ဆူဖို့လောက်ဘဲသိတာ အမေ့သားကိုလိုက်ကြိုက်တဲ့ကောင်မလေးတွေမှအများကြီးဘဲဆိုတာအမေမသိပါဘူး......

A few moments later.......
အင်္ကျီကို သန့်သန့်ပြန့်ပြန့်ဝတ်ပြီး အိမ်အောက်သို့ဆင်းလာသော Phuwin...

Phu : အင်္ကျီပြောင်းပြန်ကြီးမဟုတ်လောက်ပါဘူးနော် ဟူးးးးတော်သေးတယ်..

Dad : သွားတော့မလို့လား ဆိုင်ကယ် မယူသွားတော့ဘူးလား?

Phu : တော်ပြီအဖေ့ မယူတော့ဘူး...ဒါနဲ့အမေရော သွားပြီးလား?

𝑉𝑎𝑚𝑝𝑖𝑟𝑒 [ 𝑃𝑝𝑤 ]✧˚ ·Where stories live. Discover now