Part - 16

700 90 5
                                    

*ကိုယ့်စိတ်ကူးနဲ့ကိုယ်ရေးသားချင်းသားဖြစ်ပါသည်။ အကယ်၍ အခြားသူများဟာနှင့်တူညီခဲ့ပါက တောင်းပန်ပါတယ်။ *
__________________________

Phuwin တစ်ယောက် နီရဲနေသည့်မျက်နှာနှင့် ဘယ်သူကို့မှမပြောဘဲ ဒေါသဖြစ်နေသည့်ဟန်ဖြင့်ထွက်သွားတာကြောင့် စားပွဲမှာရှိနေတဲ့သူတွေအကုန်ကြောင်ကာ .....

"ယျောင့် Phuwin ပြန်ပြီလား? "

လှည့်တောင်မကြည့်ထွက်သွားပြီး သူ့အတွေးတွေနဲ့ရှုပ်နေခဲ့သည်။
Toilet မှPond ထွက်လာတာကိုတွေ့ပြီး Dunk မှ
" ဘာဖြစ်ကြတာလဲ မင်းတို့နှစ်ယောက်ပြဿနာဖြစ်ကြပြန်ပြီလား? "

" ဘာမှမဖြစ်ပါဘူး ဒီတိုင်း.... "

" ဘာဖြစ်ကြတာလဲ "

" မင်းအတင်းအကျပ်လုပ်လိုက်တယ်မလား Pond? "

" ဟင်? Joong မင်းဘယ်လိုသိ..? "

" ငါ Toilet အရှေ့ကဖြက်သွားတော့ မင်းတို့ပြောတာတွေငါအမှတ်မထင်ကြားခဲ့တယ် "

" ဘာကိုကြားခဲ့တာလဲ ကိုကို baby မသိသေးဘူး ဘာဖြစ်ကြတာလဲ "

" Pond က Phuwin ကိုကြိုက်နေခဲ့တာ baby "

" ငါ Phuwin ကိုမကြိုက်ပါဘူး "

" ဟမ်? ဘယ်လို့ မင်းမကြိုက်ဘူးဆိုဘာလို့ ......"

Joong စကားမဆုံးခင် Pond တစ်ယောက် ဖျက်ပြောလိုက်သည်။

" ငါ Phuwin ကိုမကြိုက်ပါဘူး နှစ်နှစ်ခါခါချစ်နေမိတာ ပါ "

" အော်....မင်းကိုငါနားလည်ပါတယ် ဒါမဲ့မင်းခုနကလုပ်တာကြီးကအရမ်းအတင်းအကြပ်ဖြစ်လွန်းသွားတယ် မနက်ဖြန် Phuwin တို့အိမ်ကိုသွားပြီးသေချာနားဝင်အောင်ပြောကြည့်ပါ Phuwin က သေချာရှင်းပြရင်နားလည်ပါတယ် "

Dunk နဲ့ Leo နှစ်ယောက်ကတော့ သူတို့ဘာတွေပြောနေကြမှန်းမသိသဖြင့် အူလည်လည်သာ ငေးကြည့်နေကြတော့သည်။ Dunk ငေးကြည့်နေရမှ စကားတစ်ခွန်းစလာခဲ့သည်။

" Ai Pond မင်း Phuwin ကို falling in love နေတာ !!! ဟယ် "

" ဟုတ်လို့လား Dunk ရငါကြားတာက Phuwin က falling in love နေတယ်ဆိုလား "

" ဟဲ့‌ မအေဘေး Pond falling in love နေတာ "

" Phuwin ပါ Dunk ရ ငါသေချာကြားတယ် "

𝑉𝑎𝑚𝑝𝑖𝑟𝑒 [ 𝑃𝑝𝑤 ]✧˚ ·Where stories live. Discover now