Part - 18

894 94 7
                                    

*ကိုယ့်စိတ်ကူးနဲ့ကိုယ်ရေးသားချင်းသားဖြစ်ပါသည်။ အကယ်၍ အခြားသူများဟာနှင့်တူညီခဲ့ပါက တောင်းပန်ပါတယ်။ *
__________________________

ညနေရဲ့ နေဝင်ချိန်နဲ့အတူ Company မှ ပြန်လာခဲ့သည်။ အိမ်ရောက်ရောက်ခြင်း မိန်းမဖြစ်သူကအပြံုး‌ေလးဖြင့် လာကြိုတာမို့ချက်ချင်းပင်အမောပြေမိသည်။

" ယျောက်းပြန်လာပြီလား? "

" အင်းပြန်လာပြီ ကိုယ်တို့ဒီနေ့စောစောပြီးတယ်‌ေလ။

ဧည့်ခန်းမှဝင်ထိုင်လိုက်ပြီး မိန်းမယူလာတဲ့ ဖျော်ရည်လေးသောက်ကာစကားစလိုက်သည်။

" ဒါနဲ့သား ရောမတွေ့မိပါလား? "

" အမလေးရှင် ရှင့်သားကတော့ပြောမနေနဲ့ ဘာတွေလုပ်လိုက်လို့လဲမသိဘူး အအေးပက်ပြီးဖျားနေရဲ့တော် "

" ဟော ဒီကောင်ကတော့လေ အခုကောဘယ်လိုနေသေးလဲ "

" ခုနက ‌သွားချောင်းကြည့်တာတော့ သူ့ကောင်လေးနဲ့ဖက်အိပ်နေရဲ့တော် တော့်သားက ကံကောင်းလိုက်တာရှင် ဂရုစိုက်မယ့်ကောင်လေးဘေးမှာရှိလို့ "

" မိန်းမရယ် သားရဲ့ကောင်လေးဆိုတာသေချာရဲ့လား သူငယ်ချင်းလဲဖြစ်နေအုန်းမယ် ဟုတ်မှလုပ်ပါကွာ ကြားသွားရင်မကောင်းဘူး "

" တော်ကလဲတော် ဟုတ်ပါတယ်ဆို ဒီနေ့ နေ့လည်စာအတွက်တောင် Phuwinတစ်ယောက်စာ အတွက်ဆိုပြီးချက်သွားသေးတယ်တော် "

" ဟောဟုတ်ပါပြီမိန်းမရာ မင်းကလေ ငယ်ငယ်က အကျင့်အခုထိမပျောက်သေးဘူး "

" ဘာအကျင့်တုန်း တော်ရဲ့ "

" တွေ့သမျှလူ လိုက်ပေးစားတဲ့အကျင့်!! "

" လက်ထဲကဟာနဲ့ပစ်ပေါက်လိုက်ရ Company တောင်မသွားနိုင်ဖြစ်သွားမယ် ကြည့်ကြပ်လုပ်"

" အခုမှစဉ်းစားမိတယ် Phuwin ကမင်းနဲ့ပိုတူတယ် တစ်ခုခုဆို ဆက်ဆက်ထိမခံ "

" အဲ့ဒီဆက်ဆက်ထိမခံလေးကိုဘဲရှင်ချစ်မိသွားတာမလား? "

" ဟုတ်ပါ့ဗျာ "
ကလေးတွေမရှိတုန်း ကျီစားနေကြသောလင်မယားနှစ်ယောက်ကြားသို့ ဖြတ်ဝင်လာသောစကားတစ်ခွန်း.....

𝑉𝑎𝑚𝑝𝑖𝑟𝑒 [ 𝑃𝑝𝑤 ]✧˚ ·Where stories live. Discover now