Part - 9

777 89 9
                                    

* ကိုယ့်စိတ်ကူးနဲ့ကိုယ်ရေးသားချင်းသားဖြစ်ပါသည်။ အကယ်၍ အခြားသူများဟာနှင့်တူညီခဲ့ပါက တောင်းပန်ပါတယ်။ *
_____________________

ကျောင်းခန်းထဲ၌....,..,

" ယျောင့် ဖူဝင်း မင်းသူများခုံကိုဘာလုပ်နေတာလဲ "

" ........ "

ပြန်ဖြေသံထွက်မလာသောသူတစ်ယောက်.....

" ယျောင့် Phuwin!! Phuwin!!!!!!!"

" ကျစ်!! ဘာလဲ!! ဘာလို့အဲ့လောက်တောင်စွတ်တွေခေါ်နေတာလဲ ငါမင်းအဖေမဟုတ်ဘူးကွ!! "

" သိပါတယ်ကွာ မင်းကလဲ မင်းသူများခုံကိုဘာလုပ်နေတာလဲ လို့ မေးမို့ကို "

Phuwin တစ်ယောက် ပေကပ်ကပ်ဖြင့် Joong ကိုမော့ကြည့်ကာ

" ခုံကိုကော်သုတ်နေတာ‌ေလမမြင်ဘူးလား "

" မြင်တယ်လေကွာ ဒါမဲ့ဘာလို့ ကော်တွေလျှောက်သုတ်နေတာလဲကွ သူများခုံကို "

" ဟူးးးးး ငါမင်းကို ပြောတယ်လေ ကလှည့်စားခြေပါမယ်ဆို မင်းတို့ဘဲ မပါဘူးဆို အဲ့မို့ ငါတစ်ယောက်ထဲ လုပ်နေတာ မမြင်ဘူးလား "

" ယျောင့် တကယ်ကြီးလုပ်တော့မို့လား မင်းကလဲ မင်းပြန် ဝ၌လည်လိမ့်မယ်နော် Phuwin "

" ငါ့ crush ကိုထိရင်တော့ လည်ရင်လည်ပါစေကွာ ငါနဲ့တွေ့ကိုတွေ့စေရမယ် "

" ဒါမဲ့....."

" ရှူးးးး ရှူးးး နားညီးတယ်‌ေတာ်တော့ ဘာမှမပြော‌နဲ့တော့ ငါကော်သုတ်နေတာ ကော်တွေခြောက်တော့မယ် "

" ဝ၌ဆိုတာ မကြာဘူးနော် ယျောင့် Phuwin "

" ဘာလဲကွာ !! ဘာလို့မင်းအဲ့လောက်သေချာနေရတာလဲ "

" ဘာလို့ဆိုမင်းကော်သုပ်နေတဲ့ ခုံပိုင်ရှင်က မင်း....မင်းအနောက်မှာမို့ "

" ဟင်?!! ဘာရီးဂယ်လား "

Phuwin တစ်ယောက် လန့်လန့်ဖြင့်လှည့်ကြည့်လိုက်ကာ ခါးတစ်ဖက်ထောက်ပြီး မတ်တပ်ရက်နေတဲ့ ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ကာနောက်ခုံမှာရှိနေတဲ့ Joong ကိုကြည့်ပြီးလှမ်းပြောလိုက်သည်။

" ဘာလား Joong? အဲ့ဒါ ဟိုကောင် Naravit မှာမဟုတ်တာ ?? "

နောက်ကခုံမှာရှိနေတဲ့ Joong ကိုလှမ်းပြောသောလည်း Joong ကအစကတည်းက အဲ့နေရာကနေထွက်သွားခဲ့ပြီးဖြစ်သည်။

𝑉𝑎𝑚𝑝𝑖𝑟𝑒 [ 𝑃𝑝𝑤 ]✧˚ ·Where stories live. Discover now