The end

397 44 6
                                    

*ကိုယ့်စိတ်ကူးနဲ့ကိုယ်ရေးသားချင်းသားဖြစ်ပါသည်။ အကယ်၍ အခြားသူများဟာနှင့်တူညီခဲ့ပါက တောင်းပန်ပါတယ်။ *
_________________________

၆နှစ်ခန့်ကြာသော်...........
ကလေးလဲရပြီးဖြစ်တာကြောင့် မိဘများအလုပ်မရှုပ်စေရန်နှင့် ကလေးများကို လူ့ပတ်ဝန်းကျင်နှင့်လိုက်ရောညီထွေစေရန် မြို့ပြသို့ပြောင်းရွေ့နေထိုင်ခဲ့ကြတော့သည်။

" Dad dad!!"

" ဘာတုန်းသားသားရဲ့ "

" သားသားကိုလေ ရေခဲမုန့်လေးဝယ်‌မကျွေးချင်ဘူးလားဟင်? "

" သားရဲ့ ပါးပါးကိုသွားမေး သားရဲ့ပါးပါးရတယ်ဆိုရင်ဝယ်ကျွေးမယ် "

နို့တိုက်နေတဲ့ Phuwin ကို လက်ညိုးထိုးပြလိုက်တော့ ခလေးက နှုတ်ခမ်းစူစူဖြင့်သွားမေးရှာသည် သူ့ခဗျာ ဆူခံထိမှာလည်းကြောက်ပေသည်.....

" ပါးပါး သားသားရေခဲ့မုန့်စားချင်လို့ဝယ်ကျွေးပါလားဟင် "

ပပီကလာပီကလာဖြင့်ချွဲရင်း ပါးပါးရောက်လာသောကလေး....

" စာလေးသားသားရဲ့ ဒါမဲ့ဒီနေ့တစ်ရက်ထဲနော် နောက်နေ့မရဘူး "

" ဟုတ်ကဲ့ ပါးပါးကအကောင်းဆုံးဘဲ မွ "

ဖူဝင်းရဲ့ပါးကိုတစ်ချက်မွကာ Pond ဆီပြန်ပြေးမယ်အလုပ် .....

" ယျောင့် Paramee Thesdaroon မင်းငါ့မိန်းမပါးကိုနမ်းပြန်ပြီ "

" ဟာ...... Naravit ရစ်မနေနဲ့တော်ကြာကလေးငိုရင် အပြင်မှာအိပ်ခိုင်းမှာနော် "

" ဟာ သဲသဲက‌လဲ ကိုယ်ကစတာကို လာ သားလေးလာဖေဖေသားကိုရေခဲမုနိ့ဝယ်ကျွေးမယ် "

" ဟုတ်ကဲ့ "

" မင်းကြောင့်ငါအပြင်မှာအိပ်ရတော့မို့ကွ "

" အိပ်ရအိပ်ပေါ့ ဖေဖေကသားကိုအော်တာကို ဖေဖေ့မိန်းမပါးကိုနမ်းတော့ဘာဖြစ်တုန်း ‌သား‌ပါးပါးဘဲကို နမ်းမှာဘဲ ပြီးရင် သားပါးပါး ရဲ့ ပါးက နူးအိနေရော "

" ဒီကလေးလုပ်လိုက်ရ ‌ဝယ်မကျွေးဘဲနေမှာနော် "

" ဟဲ့!! ဟိုသားဖရန်ဖြစ်မနေနဲ့ဝယ်စရာရှိသွားဝယ် "

𝑉𝑎𝑚𝑝𝑖𝑟𝑒 [ 𝑃𝑝𝑤 ]✧˚ ·Where stories live. Discover now