Part - 15

938 98 7
                                    

*ကိုယ့်စိတ်ကူးနဲ့ကိုယ်ရေးသားချင်းသားဖြစ်ပါသည်။ အကယ်၍ အခြားသူများဟာနှင့်တူညီခဲ့ပါက တောင်းပန်ပါတယ်။ *
__________________________

မနက်ခင်းနေရောင်‌ခြည်ရဲ့အ‌ေနွးထပ်ကြောင့် စာသင်ခန်းထဲကိုနွေးထွေးစေပြီး စာသင်ခန်းအတွင်းရှိ ကျောင်းသား/ သူ များကိုလဲ နွေးထွေးမှုအပြည့်အဝပေးနေသည်။ အခန်းအတွင်း၌လူအမြောက်အများရှိပေမဲ့လည်း တိတ်ဆိတ်လို့ပင် အတန်းအရှေ့၌ မျက်စိဒေါကထောက်ကြည့်နေတဲ့ဆရာမကြောင့် စာပွဲဖြေနေစဉ်အတွင်း တစ်ယောက်နဲ့တစ်ယောက်မျက်လုံးခြင်းများ မဆုံရဲကြ ဖြေလွှာစာရွက်ကိုဖြဲပြီး ပြန်ဖြေခိုင်းမှာစိုးရွံကြသည်။ ဖြေတဲ့ကလေးတွေကဖြေ၊ ခေါင်းကုပ်တဲ့ကလေးတွေကုပ်ကြနဲ့ အိပ်နေကြတဲ့ပျင်းကြီးတစ်သိုက်ပါစာမေးပွဲခန်းအတွင်းရှိကြသေးသည်။

" တင်းတောင်၊ တင်းတောင် !! "🔔

" ကယ် ခဲတံတွေချမယ် ခုံနံပါတ်တွေစစ်မယ်ဟေ့ အမှတ်စဉ် 1 ကနေ ဖြေလွှာစာရွက်ကိုစပေးမယ် "

" ဟုတ်ကဲ့ပါဆရာမ "

ခနအကြာမှာတော့ ကျောင်းဝင်းအတွင်းမှ ကျောင်းသား/ သူ များအကုန်ထွက်လာကြပြီး ကျောင်းကြီး၏အရှေ့မှာတော့
Phuwin တို့သူငယ်ချင်းအဖွဲ့ ......
" ဟိုးးးးးးးးး အိုးးးဟိုးးးးး နောက်ဆုံးတော့စာမေးပွဲ ပြီးပြီကွ ဟ့ဟား "

" ယျောင့် Leo အရမ်းပျော်မနေနဲ့အုန်း အမှတ်စာရင်းတွေထွက်လာအုန်းမှာ အဲ့ကျမှပျော် "

" ဟာသိဘူးကွာ ပျော်တာဘဲသိတယ် အးးးးး ပျော်လိုက်တာအရမ်းဘဲ "

ထိုချိန် Dunk မှ " ယျောင့်ငြိမ်ငြိမ်နေစမ်းကွာ မျက်စိနောက်တယ် "

Phuwin လဲထောက်ခံသည့်သဘောဖြင့် " အေးကွာပြောလိုက်ပါဦး မသိရင် ငါးပျဉ်မဆားပတ်‌ေနတာကြလို့ "

" ဟေး Phuwin တို့ "

ခေါ်သံလာရာဘက်သို့လှည့်ကြည့်လိုက်တော့ Nora နဲ့ သူ့သူငယ်ချင်း တို့ နှစ်ယောက် Phuwin တို့ရှိရာဆီကိုလာနေတာတွေ့လိုက်ရတယ်။ Pond လဲအပါအဝင်ပေါ့

" ဟေး Nora "

" အေး Leo "

" ဒီည ...ငါတို့ မုန့်စုစားကြမယ် "

𝑉𝑎𝑚𝑝𝑖𝑟𝑒 [ 𝑃𝑝𝑤 ]✧˚ ·Where stories live. Discover now