Part - 17

786 96 6
                                    

*ကိုယ့်စိတ်ကူးနဲ့ကိုယ်ရေးသားချင်းသားဖြစ်ပါသည်။ အကယ်၍ အခြားသူများဟာနှင့်တူညီခဲ့ပါက တောင်းပန်ပါတယ်။ *
__________________________
မနက်ခင်းနေ့အလင်းရောင်နဲ့အတူ စိတ်ဖိစီးစွာနှိုးထလာပြီး တစ်ညလုံးအိပ်မရခဲ့ဘဲမနက်မှအိပ်‌ေပျာ်သွားတာကြောင့် စိတ်တော့သိပ်မကြည်ပေ....
မျက်နှာသစ်သွားတိုက်လို့အပြီး အိမ်အောက်သို့တင်းလာခဲ့သည်။ မီးဖိုချောင်၌ အမ Mora ကိုတွေ့တော့.....

" Noung Pond အစောကြီးပါလား "

" ဟုတ်တယ် အိပ်မပျော်တော့လို့ "

" အင်း" မနက်စာစားမှာမလာ အမပြင်ပေးမယ် "

" ဟုတ် "

အမ Mora တစ်ယောက် မနက်စာဗန်းကိုကိုင်ကာ Pond ဆီကိုရောက်လာခဲ့သည်။

" အဆင်ပြေသွားမှာပါ N' Pond ရယ် "

" ဟုတ်အမ ဒါမဲ့... "

" အမပြောတဲ့အတိုင်းသာလုပ်ပါ စိတ်ထဲအရမ်းမတွေးနဲ့ အခုတော့မနက်စာစားလိုက်အုန်း အေးကုန်လိမ့်မယ် "

" ကောင်းပါပြီ ‌ပြီးတော့ ကျေး‌ဇူးပါအမ Mora "

" အင်းပါ "
______________
တစ်ဖက်တွင်.......

နေရောင်ခြည်တစ်စုကမျက်နှာကိုလာထိုးသောကြောင့် ပျင်းရိစွာနှိုးလာပေမဲ့ လှုပ်လို့မရ‌ပေ တစ်ကိုယ်လုံးပူနွေးနေပြီး မျက်ခွံတွေမှာလေးလံလို့ပေ၊ လည်‌‌ေခြာင်းတွေမှာခြောက်သွေ့နေပြီး တစ်ချက်တစ်ချက် ခြောင်းကဆိုးသေးသည် ခန္ဓာယ်တစ်ခုလုံးမှာလှုပ်မရတဲ့အပြင် ရေခဲရိုက်ထားသလိုမျိုးနာကျင်နေသည်။ ဖျားနေပြီဆိုတာသိသိခြင်းကြောင့် မျက်စိမှိတ်ထားရင်ပင်စိတ်တိုင်မိပြန်သည်။ ခနအကြာ အခန်းတံခါးခေါက်သံကိုကြားလိုက်သည်။

" သားရေ ထမင်းစားကြမယ်လေ "

အခန်းတံခါးကိုခေါက်ကာဝင်လာခဲ့ပြီး Phuwin ဘေးသို့ဝင်ထိုင်လိုက်သည်။

" သားလေး Phuwin ဘာဖြစ်လို့လဲနေမကောင်ူဘူးလား? "

ပြောရင်းဆိုရင်းပေ နဖူးကိုလက်ဖြင့်အသာအယာစမ်းကြည့်ကာ ....

" ပူကျစ်နေတာဘဲ သားရယ် ဘယ်လိုဖြစ်တာလဲမနေ့ကအကောင်းကြီးကိုကွယ် ထ" မနက်စာစားပြီးဆေးသောက်ရမယ် "

𝑉𝑎𝑚𝑝𝑖𝑟𝑒 [ 𝑃𝑝𝑤 ]✧˚ ·Where stories live. Discover now