*ကိုယ့်စိတ်ကူးနဲ့ကိုယ်ရေးသားချင်းသားဖြစ်ပါသည်။ အကယ်၍ အခြားသူများဟာနှင့်တူညီခဲ့ပါက တောင်းပန်ပါတယ်။ *
__________________________မနက်ခင်းတစ်ခုရဲ့စူးရှတဲ့နေရောင်ခြည်နဲ့အတူ နိုးထလာသော လူငယ်နှစ်ယောက်
" မောနီးပါကိုယ့်ကလေးငယ် "
စောင်တွေနဲ့လုံးပြီး အိပ်ပျော်နေသောကလေးငယ်အား လှုပ်ကာနှိုးလိုက်သည်။ သို့သော် အချည်းအနှီးသာပင်..
" ခနလေး..ဘဲ ပြီးရင်ထလိုက်မယ် "
ဆိုကာ လူးလိမ့်ပြီးအိပ်နေပြန်သည်။
Pond တစ်ယောက် ကတော့ သက်ပြင်းချကာ စောင်များနှင့်ရစ်ပတ်စွာ အိပ်နေသည့်ကောင်လေးအား ကောက်မလိုက်ကာ ရေချိုးခန်းဆီသို့ဦးတည်လိုက်တော့သည်။" Ahi Pond!!!!!!!!!!!!!!! လွှတ်! လွှတ် အင်း...!! "
ရေးချိုးခန်းမှ အော်ဟစ်သံများထွက်ပေါ်လာတော့သည်။နှစ်ယောက်သား မျက်နှာသစ်၊ သွားတိုက်ပြီးတော့ အိပ်အောက်သို့ဆင်းခါနီးတွင် Pond မှလှမ်းတားလိုက်တော့သည်။
" ဘာလဲ Naravit မနက်စာသွားစားမယ်လေ "
အနောက်ကနေသိုင်းဖက်လိုက်တာကြောင့်လန့်သွားဟန်တူသည် ကလေးငယ်မှာချက်ချင်းပင်တုန့်ပြန် သံထွက်လာေတာ့သည်။
" မေ့နေတာလား ခွန် Phuwin kha "
" ဘာကိုတုန်း? "
အစမရှိအဆုံးမရှိမေးလားသောမေးခွန်းတစ်စုံကြောင့် Phuwin တစ်ယောက် Pond ကိုကြောင်ကြည့်နေမိတော့သည်။
" မနက်ခင်းအနမ်းမပေးရသေးဘူးလေ "
" ဟမ်? ဘာဆိုင်လို့လဲ မင်းနဲ့ငါနဲ့ချစ်သူမှမဟုတ်သေးတာ ကြီးကိုဘာလို့ပေးရမှာလဲပေးပါဘူး လွှတ် "
ပန်းရောင်သန်းနေသော ပါးများနှင့်အတူ Pond လက်မှလွတ်ရန်ရှုန်းကန်နေတော့သည်။Pond ဆိုသည့်သူမှာလဲ ခေါင်းကြောမာပေသည် အလွတ်မပေးဘဲပို၍တင်းကျပ်စွာဖက်ထားလိုက်သည်။
" ရှုန်းလည်းအလကားဘဲ ကိုယ့်ကို မနင်ခင်းအနမ်းမပေးမခြင်းမလွှတ်ပေးဘူး "
ပြောမရတဲ့အဆုံး Phuwin လဲ ခေါင်းလေးမော့ကြည့်ကာ...
" ဟင်းး အဲ့ဆိုလွှတ်ဦးနှို့မို့ ငါကမင်းကနောက်ပြန်ကြီးပေးရမှာလား "
YOU ARE READING
𝑉𝑎𝑚𝑝𝑖𝑟𝑒 [ 𝑃𝑝𝑤 ]✧˚ ·
VampirePond Naravit Pov . phuwintang ဆိုတဲ့ကောင်လေးကို ကိုယ်က မြင်မြင်ချင်းမူးရစ်ဆေးလိုစွဲလမ်းခဲ့တာမလို့ Phuwin ဆိုတဲ့ ထိုသွေးနှောကောင်လေးက ကိုယ့်အပိုင်ဘဲလို့ တကိုယ်ကောင်းဆန်စွာယူဆလိုက်ပါတယ်နော် ....